စာဖတ်သူတို့အနေနဲ့ အီကြာကွေးကို ဘယ်လိုအစားအစာနဲ့ တွဲဖက်စားသုံးလေ့ရှိကြပါသလဲ။ ပုံမှန်အားဖြင့်တော့ မနက်စာအဖြစ် လက်ဖက်ရည်၊ ကော်ဖီတို့နဲ့သာ တွဲဖက်စားသုံးလေ့ရှိကြမှာပါ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ အမဲသားနဲ့ ရောနှောပြီး အီကြာကွေး အမဲသားဟင်းအနေနဲ့ အရသာအသစ်အဆန်းအဖြစ် မြည်းစမ်းကြည့်နိုင်အောင်လို့ ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ပြုတ်ရည် (သို့) အမဲပြုတ်ရည် စားပွဲတင်ဇွန်း ၈ ဇွန်း

  • အမဲသား ၁၂ အောင်စ (၃၄၀ ဂရမ်၊ ၂ လက်မပတ်လည် အတုံးသေး တုံးထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း (နုပ်နုပ်စဉ်းထားပါ)
  • ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပြောင်းမှုန့်ရေ (ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောနှောထားပါ)

  • အီကြာကွေး ၁ ချောင်း
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးတွင် အမဲသားများကို မုန့်ဖုတ်ဆိုဒါ၊ ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ဖြင့် သမအောင် ရောနယ်ထားပြီးနောက် ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ အီကြာကွေးများကို ၂ လက်မအရှည်ခန့် လှီးဖြတ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက အမဲသားထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲတွင် သပ်သပ် ဖယ်ထည့်ထားပါ။

၄။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်ပါ။ ဆီပူလာပါက သကြားထည့်ပါ။ သကြားများ ဆီထဲတွင် ပျော်ဝင်သွားပါက ကြက်သွန်နီထည့်ပါ။

၅။ ၂ မိနစ်၊ ၃ မိနစ်ခန့် ဆီသတ်ပြီးသွားပါက ကြက်ပြုတ်ရည် (သို့) အမဲပြုတ်ရည်၊ ပဲငံပြာရည်အကြည်နှင့် အနောက်၊ ရှာလကာရည်တို့ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားပါ။ ထို့နောက် အမဲသားကြော်များကို ဒယ်အိုးထဲ ထည့်ကာ သမအောင် မွှေကြော်ပေးရပါမယ်။

၆။ အရည်များ ထပ်မံဆူပွက်လာပါက ပြောင်းမှုန့်ရေများထည့်ကာ ပျစ်သွားသည်အထိ တည်ပေးလိုက်ပါ။

၇။ ပြီးရင်တော့ အီကြာကွေးထည့်ကာ စက္ကန့် (၂၀) ခန့် မွှေကြော်ပေးရပါမယ်။

ဒါဆိုရင်တော့ အီကြာကွေး အမဲသားရောကြော်တစ်ပွဲ ရရှိသွားပါပြီး ပန်းကန်လုံးထဲ ပြောင်းထည့်ကာ ကြက်သွန်မြိတ် အနည်းငယ်ဖြူးထည့်ပြီးရင်တော့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Thewoksoflife.com