အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အမဲသားနူးနူးအိအိလေးပေါင်းစားရအောင်ပါ။

ပါဝင်ပစ္စည်း

  • အမဲသား ၅ ကီလိုဂရမ်
  • စပါးလင် ၁ ခု
  • ဇာတိပ္ဖိုလ်သီး ၁ လုံး
  • ကရဝေးရွက် ၆ ရွက်
  • ငရုတ်ကောင်း အနည်းငယ်

  • ငရုတ်သီး ၄ တောင့် (အခြောက်)
  • နာနတ်ပွင့် ၅ ပွင့်
  • ဂျင်း အနည်းငယ်
  • ကြက်သွန်မြိတ် အနည်းငယ်
  • စမုန်နက် အနည်းငယ်

  • ဆား
  • သကြား
  • ပဲငံပြာရည်အနှောက် ၁၃၀ ဂရမ်
  • ဝိုင် ၅၀ ဂရမ်

ပြုလုပ်နည်း

အရင်ဆုံး ရေကို ပွက်ပွက်ဆူအောင်တည်လိုက်ပါ။ အဲဒီနောက် အမဲသားကို (၃) မိနစ်လောက်ပြုတ်လိုက်ပါ။ ပြီးရင်တော့ အမဲသားကို ထုတ်လိုက်ပြီး ရေဆေးလိုက်ပါ။

အိုးထဲကိုဆီထည့်လိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေကိုထည့်လိုက်ပါ။ ပြီးရင်အနှံ့လေးမွှေးလာတဲ့ အထိထားပါ။

အဲဒီနောက် ရေနွေးထည့်လိုက်ပြီး အမဲသားကို ထပ်ထည့်လိုက်ပါ။ ရေအများကြီးထည့်စရာမလိုပါဘူး။

ဆား၊ သကြား၊ ပဲငံပြာရည်၊ဝိုင်ထည့်လိုက်ပါ။ ရေကို ဆူအောင်ထပ်ထားလိုက်ပြီး မီးအေးအေးနဲ့ စိတ်ရှည်ရှည်တည်ထားပါ။ ၁နာရီခွဲ ၂ နာရီလောက် တည်ထားပါ။

ပြီးရင်တေ့ ခပ်ပါးပါးလှီးပေးပြီး မိမိနှစ်သက်တဲ့ ဆော့စ်နဲ့ တွဲစားလို့ရပါတယ်နော်။

Source: www.yumofchina.com

By: MyFood Myanmar