အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်သား မှို ချက်နူးနူးအိအိလေး လုပ်စားကြရအောင် မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ဆီ စားပွဲတင်ဇွန်း ၂ ဖွန်း
- ဂျင်းပြား ၂ ပြား
- ကြက်သား ၁ ပေါင်ခန့်
- မှို ၁၀ ခုမှ ၁၅ ခုအထိ (အခြောက်ဆိုရင် ရေနွေးနဲ့ ၂ နာရီ-၄ နာရီအထိစိမ်ထားပါ)
- ကြွက်နားရွက်မှို ခွက် ၃/၄ ပုံခန့်
- ဝိုင်ခွက် ၁/၄ ပုံ
- သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
- ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်းတစ်ဝက်
- မှိုစိမ်ထားတဲ့ရေ တစ်ခွက်
- ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးပါ)
ပြုလုပ်နည်း
အရင်ဆုံး ဆီကို အပူပေးလိုက်ပြီး ဂျင်းထည့်လိုက်ပါ။ အဲဒီနောက် ကြက်သားထည့်လိုက်ပါ။ ကြက်သား ညိုသွားတဲ့အထိကြော်ပေးလိုက်ပြီး မှိုထည့်လိုက်ပါ။
မိနစ်အနည်းငယ်လောက်မွှေပေးလိုက်ပါ ပြီးရင်တော့ ဟင်းချက်ရင်ထည့်တဲ့ ဝိုင်၊ သကြား၊ ပဲငံပြာရည်တွေကို ထည့်ပြီးသေချာမွှေပေးလိုက်ပါ။
မှိုစိမ်ထားတဲ့ရေကိုထည့်ပါ။
ရေဆူလာပြီဆိုရင်တော့ အဖုံးလေးနဲ့အုပ်ပြီး ၄၅ မိနစ်လောက် နှပ်ထားပါ။
အရည်လေးကလည်း ပျစ်ပျစ်လေးဖြစ်လာရင် ကြက်သွန်မြိတ်ဖြူးပေးလိုက်ပြီး သုံးဆောင်လို့ရပါပြီနော်။
Source: www.thewoksoflife.com
By: MyFood Myanmar