အားလုံးပဲမင်္ဂလာပါနော်။ ဂေါ်ဖီကတော့ လူတိုင်းလိုလို ကြော်စားဖြစ်တဲ့ ဟင်းတစ်မျိုးဖြစ်ပါတယ်။
အချိန်သိပ်မရတော့ဘူးဆိုရင်လည်း ဂေါ်ဖီကို ခပ်မြန်မြန်လေးကြော်စားတတ်ကြပါတယ်။ ဒီတခါမှာတော့ ကြော်စားရလွယ်ကူတဲ့ ရိုးရှင်းတဲ့ ဂေါ်ဖီကြော် ပူပူလေး ကြော်နည်းကို မျှဝေပေးချင်ပါတယ်နော်။
ပါဝင်ပစ္စည်း
- ဂေါ်ဖီအနေတော် ၁/၃ ပုံခန့်
- ငရုတ်သီးအခြောက် ၂ တောင့်
- နာနတ်ပွင့် ၁ ပွင့်
- ဆီချွမ် ငရုတ်ကောင်း ၂၀ လုံး
- ဆားအနည်းငယ်
- ဆီ
- ကြက်သွန်ဖြူ တစ်မွှာ
ပြုလုပ်နည်း
အရင်ဆုံး ဂေါ်ဖီကို သေချာလှီးပေးပါ။ ဒါမှမဟုတ် တစ်ဖတ်ချင်း ချွေပေးလိုက်ပါ။
အိုးကိုအပူပေးလိုက်ပြီး ငရုတ်ကောင်း၊ ငရုတ်သီး၊ နာနတ်ပွင့်တို့ကို ထည့်ပြီးကြော်လိုက်ပါ။ မတူအောင်ကြော်ပါ။
အနံ့လေးရလာပြီဆိုရင် ဆီဆစ်ပေးလိုက်ပါ။
ကြက်သွန်ဖြူပါးပါးလှီးလိုက်ပြီး ဆီသတ်ပေးလိုက်ပါ။
အဲဒီနောက် ဂေါ်ဖီထည့်ပြီးကြော်ပေးလိုက်ပါ။ ဆားထည့်ပါ။
အဲဒီနောက် သေချာလေးမွှေပေးလိုက်ပြီး အားလုံးရပြီဆိုရင်တော့ အပေါ်ကနေ နာနတ်ပွင့်ငရုတ်သီးခြောက်တင်ပေးလိုက်ပါ။ သုံးဆောင်လို့ရပါပြီနော်။
Source: www.yumofchina.com
By: MyFood Myanmar