အားလုံးပဲ မင်္ဂလာပါ။ အရသာရှိတဲ့ ဟင်းလျာ ကြော်လှော်ချက်ပြုတ်နည်းတွေကို ဝေမျှဖို့အလှည့်ရောက်ရှိလို့ လာပြန်ပါပြီ။ အစားအသောက်ခုံမင်တဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ ကြက်သားကို မှိုနဲ့ တရုတ်စတိုင်လ် ကြော်နည်းလေး ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း တစ်ဇွန်းခန့်
  • ကြက်သွန်မြိတ်အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရေ အနည်းငယ်

  • မြေပဲဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ရင်အုံသား ၁ ပေါင်ခွဲခန့် (အနေတော် အတုံးတုံးထားပါ)
  • မှို၊ မုန်လာဥနီနှင့် သီဟိုဠ်စေ့ အနည်းငယ်
  • ငရုတ်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆန်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၂ ဇွန်း (သမအောင် ရောမွှေထားပါ)

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ငရုတ်ဆီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်နှင့် ရေတို့ကို ရောနှောပြီး သမအောင် မွှေထားပါ။

ဒယ်အိုးကို အပူပေးကာ သီဟိုဠ်စေ့များကို တစ်မိနစ်ခန့် လှော်ထားလိုက်ပါ။ ထို့နောက် ထိုသီဟိုဠ်စေ့များကို ပန်းကန်လုံးတစ်လုံးထဲ သပ်သပ်ဖယ်ထည့်ထားလိုက်ပါ။

ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီးနောက် ကြက်သားတုံးများကို ၅ မိနစ်၊ ၆ မိနစ်ခန့် ကြော်လိုက်ပါ။ ကြက်သားများ အညိုဖျော့အရောင် ပြောင်းသွားပါက ပန်းကန်ပြားထဲ ဖယ်ထားလိုက်ပါ။

ထိုဒယ်အိုးထဲသို့ ပါးပါးလှီးထားသော မှို၊ မုန်လာဥနီတို့ ထည့်ပြီး ၃ မိနစ်ခန့် ကြော်လိုက်ပါ။

အချိန် ၃ မိနစ်ပြည့်ပါက ကြက်သားကြော်များ၊ သီဟိုဠ်စေ့များနှင့် စောစောက ရောနှောထားသော ငရုတ်ဆီ၊ ကြက်သွန်မြိတ် အရောအနှောများကို ဒယ်အိုးထဲသို့ လောင်းထည့်ကာ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ထို့နောက် ဆန်မှုန့်နဲ့ ရေ အရောအနှောကို အိုးထဲထည့်ပြီး အရည်များ ပျစ်လာတဲ့အထိ မွှေပေးလိုက်ပါ။ အရည်များ ပျစ်လာပါက မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ရရှိလာတဲ့ ကြက်သားကြော်ကို ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်မယ်ဆိုရင် အရသာရှိတဲ့ တရုတ်စတိုင်လ် ကြက်သားကြော်ဟင်းလျာလေးကို မြိန်ရေယှက်ရေနဲ့ သုံးဆောင်နိုင်ပါပြီ။

Source: thespruceeats.com