အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ကြက်သားပြား အကြွပ်ကြော် ကြော်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁ ပေါင်ခွဲ (၁ လက်မခွဲပတ်လည် အတုံးငယ် တုံးထားပါ)
  • အကြော်ခံပေါင်မုန့်အကြေအစများ ပန်းကန်လုံး ၁ လုံးစာ
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းခပ်အမွှေးအကြိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားနှင့် သကြားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်ကာ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်၊ ဟင်းခပ်အမွှေးအကြိုင်၊ ဆား၊ သကြားတို့ဖြင့် သမအောင် ရောနယ်လိုက်ပါ။ ထို့နောက် မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။

၂။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်သားတုံးများကို ပေါင်မုန့်များဖြင့် ကပ်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၁ မိနစ်ခန့် မီးအပူချိန် ပြင်းပြင်းဖြင့် ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် မီးအပူရှိန်ကို အလယ်အလတ်အပူချိန်သို့ လျော့ချပြီးနောက် နောက်ထပ် ၄ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၅။ ကြက်သားတုံးများက ရွှေညိုရောင် ပြောင်းသွားပါက ဆီပူထဲက ဆယ်ယူလိုက်လို့ရပါပြီ။

ကြက်သားတုံးများအားလုံး ကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်သားပြားအကြွပ်ကြော်လေး ရရှိသွားပါပြီ။

မိမိကြိုက်နှစ်သက်ရာဆော့စ်ဖြင့် တို့စားနိုင်ပါတယ်။ အာလူးကြော်လေးနဲ့ တွဲဖက်စားသုံးပါကလည်း အင်မတန်မှ လိုက်ဖက်မှုရှိပါတယ်။

Source: Spendwithpennies.com