မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ကိတ်မုန့်ဖုတ်ရတာကို ဝါသနာပါသူတွေအတွက် ဒီတစ်ခါမှာတော့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိတဲ့ ကြက်ဥကိတ်မုန့် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး
  • ကိတ်မုန့် ပြုလုပ်သည့် ဂျုံမှုန့် ၆၀ ဂရမ်
  • သကြား ၄၀ ဂရမ် (စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ)
  • ဆီ ၅ ဂရမ်
  • ရေနွေးနွေး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၁၈၀ ဒီဂရီစင်တီဂရိတ် (၃၅၀ ဒီဂရီဖာရင်ဟိုက်) ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ဇလုံအကြီးတစ်လုံးထဲတွင် ရေနွေး တစ်ဝက်ခန့် ထည့်ထားပါ။ ထိုဇလုံထဲသို့ ပန်းကန်လုံးအကြီးတစ်လုံးထည့်ထားလိုက်ပါ။ ထိုပန်းကန်လုံးထဲသို့ ကြက်ဥနှင့် သကြားတို့ထည့်ကာ မွှေခလောက်ပေးလိုက်ပါ။ ထွက်လာသော အမြှုပ်များကို ဇွန်းဖြင့် ဖယ်ရှားပေးလိုက်ပါ။ (ထိုကဲ့သို့ဖယ်ရှားရာတွင် ၁၂ မိနစ်၊ ၁၅ မိနစ်ခန့် ကြာတတ်ပါတယ်။)

၃။ နောက်တစ်ဆင့်အနေနဲ့ ထိုဇလုံထဲသို့ ဂျုံမှုန့်များကို ဆန်ခါဖြင့် စစ်ထည့်လိုက်ပါ။ ထို့နောက် ယောင်းမဖြင့် မွှေပေးလိုက်ပါ။ နောက်ဆုံးအနေနဲ့ ဆီထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၄။ Cupcake ဖုတ်မယ့် လင်ဗန်းကို စက္ကူများ အဆင်သင့် ခံထားလိုက်ပါ။ ထို့နောက် စောစောက သမအောင် မွှေထားသော ဂျုံနှစ်များကို စက္ကူပေါ်သို့ အညီအမျှလောင်းထည့်လိုက်ပါ။

၅။ ပြီးရင်တော့ Oven ထဲမှာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

သတ်မှတ်ထားသောအချိန်ပြည့်သွားပါက အနံ့မွှေးမွှေးလေးနဲ့ စားချင်စဖွယ်အသွင် အပြည့်ရှိတဲ့ ကြက်ဥကိတ်မုန့်လေး ရရှိသွားပါပြီ။

မြည်းစမ်းကြည့်လိုက်မယ်ဆိုရင်ဖြင့် မုန့်သားလေးက နူးညံ့နေပြီး လျှာပေါ်မှာ ပျော်ဝင်သွားသလားအောက်မေ့ရတဲ့ ကြက်ဥကိတ်လေးကို သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။

Source: Chinasichuanfood.com