အားလုံးပဲ မင်္ဂလာပါ။ ပဲပြားအစပ်ကို မီးဖုတ်ပြီး အရသာထူးကဲကောင်းမွန်တဲ့ဟင်းလျာတစ်ခွက်ရရှိအောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်ရမလဲဆိုတာကို စိတ်ဝင်စားသူများအတွက် ပဲပြားဖုတ်ဟင်းလျာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၁ တုံး
  • ဟင်းရွက်ပြုတ်ရည် ၂၅၀ မီလီလီတာ
  • ပဲငံပြာရည် ၆၀ မီလီလီတာ
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)

  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းခပ်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးလိုက်ပါ။ Oven ထဲထည့်မယ့် လင်ဗန်းကို ဆီအနည်းငယ် သုတ်ပေးလိုက်ပါ။

ပဲပြားကို ၂ လက်မအရှည်ခန့် လှီးဖြတ်ပြီးနောက် လင်ဗန်းပေါ်တွင် ထည့်ထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဟင်းရွက်ပြုတ်ရည်၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နှမ်းစေ့နှင့် ဟင်းခပ်မှုန့်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

ရရှိလာတဲ့အရည်အရောအနှောကို ပဲပြားပေါ်တွင် လောင်းထည့်ပေးလိုက်ပါ။ ထို့နောက် အနည်းဆုံး ၁ နာရီမှ အများဆုံး တစ်ညတာအထိ စိမ်ထားပေးရပါမယ်။

၃။ သတ်မှတ်ထားသောအချိန်ပြည့်ပါက ပဲပြားလင်ဗန်းကို Oven ထဲထည့်ကာ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

အချိန်ပြည့်သွားပါက ပဲပြားက ဟင်းအရည်များကို ကောင်းစွာစုပ်ယူသွားပါလိမ့်မယ်။

ထိုအဆင့်များ အားလုံးပြီးသွားတဲ့အခါမှာတော့ စပ်စပ်လေးနဲ့ စားလို့ကောင်းတဲ့ ပဲပြားမီးဖုတ်ဟင်းလျာလေး ရရှိသွားပါပြီ။

ချက်ပြုတ်ပြင်ဆင်ရတာ လွယ်ကူပြီး အချိန်ကုန်လည်း သက်သာတဲ့အတွက်ကြောင့် အလုပ်များတဲ့အိမ်ရှင်မတွေအတွက်ကတော့ အဆင်ပြေဆုံးပါပဲ။

Source: Thespruceeats.com