အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပါဝင်ပစ္စည်းတွေအများကြီးမလိုဘဲ ကြက်သား ကို ကြက်သွန်ဖြူနဲ့ အရသာရှိရှိ နူးနူးအိအိလေး ကြော်စားလို့ရပါတယ်။
ပါဝင်ပစ္စည်း
- ကြက်တောင်ပံများ
- ကြက်သွန်ဖြူ ၂ ဥ
- ဆား အနည်းငယ်
- ပျားရည် အနည်းငယ်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
- ကြက်ဥ တစ်ခြမ်း
- ကော်မှုန့် အနည်းငယ်
- ဆီ
ပြုလုပ်နည်း
အရင်ဆုံး ကြက်သားကို ရေအရင်ဆေးလိုက်ပါ။
ကြက်သွန်ဖြူ ၂ ဥကို အခွံနွှာပြီး ထောင်းလိုက်ပါ။
အဲဒီနောက် ကြက်သွန်ဖြူ အနည်းငယ်ချန်ပြီး ကျန်တဲ့ကြက်သွန်ဖြူနဲ့ ကြက်သား၊ ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်း၊ ကြက်ဥ၊ ကော်မှုန့်တို့ကို ထည့်ပြီး နယ်လိုက်ပါ။
၁ နာရီလောက် နှပ်ထားလိုက်ပြီး အရည်တွေကို ဆစ်လိုက်ပါ။
ပြီးရင် ဆီပူပူနဲ့ ထည့်ပြီးကြော်လိုက်ပါ။
စောစောက ကြက်သွန်ဖြူ အနည်းငယ်ကို ဆီသတ်ပေးလိုက်ကာ ရောပြီး ထပ်ကြော်ပေးလိုက်ပါ။
ဒါဆိုရင် ပူပူလေးနဲ့ နူးနူးလေး သုံးဆောင်လို့ရပါပြီနော်။
Source: www.yumofchina.com
By: MyFood Myanmar