အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်သွန်မြိတ်များများနဲ့ ဖက်ထုပ်ကြော်လေး ဘယ်လိုလုပ်ရမလဲဆိုတ မျှဝေပေးချင်ပါတယ်။ အစာပလာတွေလည်း အများကြီးထည့်စရာမလိုဘဲ ပြုလုပ်ရတာ ရိုးရိုးရှင်းရှင်းလေးဆိုတော့ စာဖတ်သူတို့ သဘောကျကြမယ်လို့ ယုံကြည်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကြက်ဥ ၅ လုံး
  • ဝိုင်အနည်းငယ်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • အသီးအရွက်သီ စားပွဲတင်ဇွန်း ၈ ဇွန်း

Source: thegreengrocery.co.za

  • ပုဇွန်ခြောက်အသေးလေး ခွက်တစ်ဝက်
  • ကြက်သွန်မြိတ် မိမိနှစ်သက်သလောက် (များများထည့်ပါ)
  • သကြား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဖက်ထုပ်ရွက် ၁ ထုပ်
  • ပြောင်းဖူးကော်မုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းရော

ပြုလုပ်နည်း

အရင်ဆုံး ကြက်ဥများကို ခလောက်လိုက်ပါ။ ဝိုင်နည်းနည်း၊ ဆား၊ နှမ်းဆီတို့နဲ့ သေချာလေး ခလောက်ပေးလိုက်ပြီး ခဏထားထားပါ။

အိုးကိုအပူပေးလိုက်ပြီး ဆီထည့်လိုက်ပါ။ ပြီးရင်တော့ ကြက်ဥကို မေအကြော်ကြော်ပေးလိုက်ပါ။ သေချာလေးမွှပေးလိုက်ပါနော်။

ပြီးရင်တော့ ကြက်ဥကိုမီးဖိုပေါ်ကချပြီးခဏဖယ်ထားပါ။

နောက်ထပ်အိုးကိုအပူပေးလိုက်ပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်လိုက်ပါ။အဲဒီနောက် ပုဇွန်ခြောက်သေးသေးလေးတွေကို ကြော်ပေးလိုက်ပါ။ အညိုရောင်သန်းလာရင် မီးဖိုပေါ်ကချပြီး အအေးခံထားလိုက်ပါ။

ကြက်သွန်မြိတ်ကို ရေဆေးလိုက်ပြီး ခြောက်အောင်ထားလိုက်ပါ။ ပြီးရင် ပါးပါးလှီးပေးလိုက်ပါ။

ပြီးရင်တော့ ခွက်အကြီးထဲမှာ ကြက်သွန်မြိတ်၊ ပုဇွန်ကြော်၊ ကြက်ဥကြော်၊ ဆား (ချင့်ချိန်ထည့်ပါ)၊ သကြား၊ ငရုတ်ကောင်း၊ နှမ်းဆီအနည်းငယ်တို့ကိုမွှေပေးလိုက်ပါ။

ပြီးရင်တော့ ဖက်ထုပ်ရွက်ထဲကိုထည့်လိုက်ပြီး ထုပ်ပေးလိုက်ပါ။  ဖက်ထုပ်ရွက်ကို အခုပုံမှာပြထားသလိုမျိုး ထုပ်ပေးရမှာဖြစ်ပါတယ်။

အဲဒီနောက် ဆီကိုအပူပေးလိုက်ပြီး ဖက်ထုပ်တွေကို တစ်ခုချင်းဆီ မကပ်အောင် ကြော်ပေးလိုက်ပါ။

ကြွပ်ကြွပ်လေးကြော်ပေးလိုက်ရင် ပိုပြီးအရသာရှိပါတယ်။

Source: www.thewoksoflife.com

By: MyFood Myanmar