တရုတ်ဟင်းလျာများကို ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ငါးပေါင်းဟင်းကို တရုတ်စတိုင်လ်ချက်နည်းနဲ့ ဘယ်လိုပြင်ဆင်ချက်ပြုတ်ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မိမိကြိုက်နှစ်သက်ရာ ငါးတစ်မျိုးမျိုး ၆ အောင်စခန့်
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • နံနံပင် ၁ စည်း (ပါးပါးလှီးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ဟင်းရည်ဆော့စ်ပြုလုပ်ရန်လိုအပ်သော ပါဝင်ပစ္စည်းများ

  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည်အကြည်နှင့် ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်းစီ
  • ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးထဲသို့ ရေ ၂ လက်မ ဇောက်အနက်ခန့်ထည့်ပြီးတော့ ပေါင်းအိုးဇကာကို ဒယ်အိုးထဲ ထည့်ထားလိုက်ပါ။ ထို့နောက် မီးပြင်းပြင်းအပူပေးပြီး ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဂျင်း၊ ကြက်သွန်ဖြူ၊ ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနှောက်၊ ခရုဆီ၊ နှမ်းဆီ၊ သကြား၊ ပြောင်းမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေထားလိုက်ပါ။

၃။ ငါးအသားလွှာကို ပန်းကန်ပြားပေါ် တင်ထားပြီး စောစောက ဆော့စ်အရည်များ လောင်းထည့်လိုက်ပါ။ (ထိုပန်းကန်ပြားက အပူဒဏ်ခံနိုင်သော ပန်းကန်ဖြစ်ရပါမယ်။)

၄။ ထိုငါးပန်းကန်ကို ဒယ်အိုးထဲထည့်ပြီးနောက် အဖုံးကို လုံအောင်ဖုံးကာ ၁၀ မိနစ်ခန့် ပေါင်းပေးလိုက်ပါ။

၅။ အချိန်ပြည့်သွားပါက ထိုပန်းကန်ကို ဒယ်အိုးထဲမှ ဖယ်ထုတ်လိုက်ပါ။

ဒါဆိုရင်တော့ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ တရုတ်စတိုင်လ်ငါးပေါင်းဟင်းလျာလေး ရရှိသွားပါပြီ။

Source: Thespruceeats.com