အားလုံးပဲ မင်္ဂလာပါ။ နိုင်ငံတကာအစားအစာအမျိုးမျိုး ကြိုက်နှစ်သက်သူများနဲ့ အစားအစာ အသစ်အဆန်းများကို ပြင်ဆင်ချက်ပြုတ်ရတာနှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားဟင်းလျာတစ်မျိုးဖြစ်တဲ့ သီးစုံ ဝက်သားကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင် (သို့) အမဲသား ၁ ပေါင်
  • ပါးပါးလှီးထားသော ချင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ

  • ကြွက်နားရွက်မှို အနည်းငယ် (ရေထဲမှာ ၁နာရီနဲ့ မိနစ် ၃၀ ခန့် စိမ်ထားပါ)
  • ဆန်မုန့်အနည်းငယ်
  • ကြက်ဥတစ်လုံး
  • ပါးပါးလှီးထားသော ကြက်သွန်နီ ပန်းကန်လုံး သုံးပုံတစ်ပုံခန့်

  • မုန်လာဥ တစ်လုံး (ပါးပါးလှီးထားပါ)
  • သခွားသီး တစ်လုံး (ပါးပါးလှီးထားပါ)
  • နာနတ်သီး တစ်လုံးရဲ့ လေးပုံတစ်ပုံခန့် (အဝိုင်းပုံသဏ္ဍာန်လှီးထားပါ)
  • ပန်းသီး အနီတစ်လုံး (အလယ်အလတ်အတုံး တုံးထားပါ)

  • သကြား ပန်းကန်လုံး လေးပုံတစ်ပုံခန့်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
  • ဟင်းရွက်ဆီ ပန်းကန်လုံး လေးလုံးခွဲ
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

ဝက်သားကို အနေတော်အတုံး တုံးကာ ဆား၊ ချင်း၊ ငရုတ်ကောင်းမုန့်တို့နဲ့ နယ်ထားပါ။ ရေစိမ်ထားသော ကြွက်နားရွက်မှိုများကို ရေဖယ်ထုတ်ကာ အနေတော်လှီးဖြတ်ထားပါ။

ဆန်မုန့်ကို ရေထည့်ကာ အနည်ကျအောင် မိနစ်အတော်ကြာစောင့်ပြီးနောက် ရေများဖယ်ထုတ်လိုက်ပါ။ ထို့နောက် ရေများဖယ်ထုတ်ပြီးနောက် ကြက်ဥအကာကို အနည်ကျနေသောဆန်မုန့်နဲ့ရောလိုက်ပါ။ ပြီးတဲ့အခါ ဝက်သားနဲ့ဆန်အနှစ်များကို နယ်ပေးလိုက်ပါ။

ကြော်မယ့်ဒယ်အိုးကို ဆီထည့်ကာ အပူပေးပြီးနောက် ဝက်သားဖတ်များကို တစ်ခုချင်းထည့်ကြော်ပါ။ ကြော်ပြီးသော ဝက်သားများကို ပန်းကန်ပြားထဲထည့်ပြီး အအေးခံထားပါ။

ထို့နောက် အသီးအနှံများကို ကြော်ရမယ့်အလှည့်ရောက်လာပါပြီ။

ဒယ်အိုးကို မီးအလယ်အလတ်အပူချိန်လောက်ထားပြီး ဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး အပူပေးပါ။ ထို့နောက် ကြွက်နားရွက်၊ ကြက်သွန်နီ၊ မုန်လာဥတို့ကို တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။ နောက်တစ်ဆင့်မှ ပန်းသီးထပ်ထည့်ကာ တစ်မိနစ်ခန့်ထပ်မွှေပါ။

ထို့နောက် ရေ ၃ ခွက်၊ သကြား၊ ရှာလကာရည်၊ ဆား တို့ ထည့်ပြီးဆူလာအောင် စောင့်ပါ။ ထည့်ထားသော ရေများ ခန်းခါနီးဆဲဆဲမှာ မီးဖိုပေါ်က ချလိုက်ပါ။

ထို့နောက် ပန်းကန်တစ်ခုထဲသို့ ထည့်လိုက်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ ကြော်ထားသော ဝက်သားတုံးများပေါ်သို့ အသီးကြော်များနဲ့ ဟင်းအနှစ်များကို လောင်းချလိုက်ပါ။

ပြီးတဲ့အခါ သီးစုံဝက်သားကြော်ကို အရသာမြည်းစမ်းကြည့်လို့ရပါပြီ။

Source: www.maangchi.com