အားလုံးပဲ မင်္ဂလာပါ။ ဆိုင်တွေမှာ ကြက်သားကြော် ဝယ်စားတဲ့အခါ အချိုကြော်နဲ့ အစပ်ကြော်တွေကို ဝယ်စားဖြစ်ကြတာပဲ များပါတယ်။ ကြက်သားအချဉ်ကြော်ကိုတော့ တော်ရုံတန်ရုံ စားခဲတာကြောင့် မိမိဘာသာ အိမ်မှာ လွယ်လွယ်ကူကူလုပ်စားလို့ရအောင် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အရေခွံမပါ၊ အရိုးမပါသော အသားသန့်သန့် ကြက်ရင်အုံသား တစ်ပေါင်ခွဲ (တစ်လက်မပတ်လည် အတုံး တုံးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းအနည်းငယ်
  • ဂျုံမှုန့် ၇၀ ဂရမ်
  • ဆန်မှုန့် ၇၀ ဂရမ်နှင့် စားပွဲတင်ဇွန်း ၁ ဇွန်း စာ

  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • သကြားနှင့် ဟင်းရွက်ဆီအနည်းငယ်
  • သံပုရာရည်နှင့်ရေစားပွဲတင်ဇွန်း ၈ ဇွန်း စီ
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥ ၂ လုံးဖောက်ထည့်ပြီး ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ မွှေခလောက်လိုက်ပါ။

၂။ ဇောက်နက်သော ပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံနှင့် ဆန်မှုန့်များကို သမအောင် ရောနယ်ထားလိုက်ပါ။

၃။ ကြက်သားတုံးများကို ကြက်ဥပန်းကန်ထဲ ထည့်နှစ်ပြီးနောက် ဂျုံမှုန့်နှင့် ဆန်မှုန့် အရောအနှောထဲသို့ ထည့်နှစ်ပေးလိုက်ပါ။

၄။ ကြက်ဥနှင့် ဂျုံမှုန့်များ ကပ်နေသော ကြက်သားတုံးများကို ၃၅၀ ဒီဂရီဖာရင်ဟိုက် အပူရှိသော ဆီထဲတွင် ထည့်ကြော်လိုက်ပါ။

၅။ ကြက်သားတုံးများ ရွှေညိုရောင်ပြောင်းလာသည်အထိ (၅ မိနစ်ခန့်) ကြော်ပေးလိုက်ပါ။

၆။ ကြော်ပြီးသော ကြက်သားများကို ဆီစုပ်စက္ကူပေါ် ထားထားလိုက်ပါ။

၇။ အချဉ်အရသာထွက်ဖို့အတွက် ဆော့စ်ကို ဆက်လက်ပြုလုပ်ပေးရပါမယ်။ သံပုရာရည်၊ သကြားနဲ့ ရေတို့ကို ဒယ်အိုးထဲထည့်ပြီး ဆူပွက်လာအောင် တည်လိုက်ပါ။

၈။ ပန်းကန်လုံး တစ်လုံးထဲတွင် ရေအေး စားပွဲတင်ဇွန်း ၂ ဇွန်းကို ဆန်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သမအောင် ရောမွှေပြီးနောက် ဒယ်အိုးထဲသို့ လောင်းထည့်လိုက်ပါ။

၉။ အချဉ်ဆော့စ်များ ဆူပွက်လာပါက ကြက်သားတုံးပေါ် ဆမ်းချလိုက်ပါ။

ရရှိလာတဲ့ ကြက်သား အချဉ်ကြော်ကို နှမ်းစေ့၊ ကြက်သွန်မြိတ်တို့ ဖြူးထည့်ပြီးနောက် အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: dinneratthezoo.com