အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြာဇံပြုတ် ကြိုက်နှစ်သက်သူများအတွက် ဝက်သားလုံး ကြာဇံပြုတ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပဲပြား ၁ တုံး (အနေတော်အတုံး တုံးထားပါ)
- ဝက်သား ၈ အောင်စ (နုပ်နုပ်စဉ်းထားပါ)
- နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
- ကြက်ဥအနှစ် ၁ လုံး
- သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
- ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
- ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
- ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၂၄ ဇွန်း
- မုန်ညှင်းရွက်နှင့် ဂေါ်ဖီထုပ် အနည်းငယ်
- ကြာဇံထုပ် ၂ ထုပ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပဲပြားများကို ပန်းကန်လုံးထဲထည့်ပြီးနောက် ခက်ရင်းဖြင့် ချေလိုက်ပါ။
၂။ အခြားပန်းကန်လုံးတစ်လုံးထဲတွင်တော့ နုပ်နုပ်စဉ်းထားသော ဝက်သား၊ ချေမွထားသော ပဲပြား၊ ဂျင်း၊ ကြက်သွန်မြိတ်၊ ကြက်ဥအနှစ်၊ သကြား၊ ဟင်းချက်ဝိုင်၊ ဆား၊ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ထည့်ကာ သမအောင် နယ်ပါ။
ထို့နောက်ေ ရခဲသေတ္တာထဲတွင် မိနစ် ၃၀ ခန့် နှပ်ထားပါ။
၃။ သတ်မှတ်ချိန်ပြည့်ပါက နှပ်ထားသော ဝက်သားကို အနေတော်အလုံး လုံးပေးလိုက်ပါ။
၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထို့နောက် ဝက်သားလုံးများထည့်ကာ ၃ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၃ မိနစ်ခန့် ကြော်ပါ။
၅။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ထည့်ကာ သမအောင် ရောမွှေပါ။
၆။ အိုးအကြီးတစ်လုံးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ မုန်ညှင်းရွက်နှင့် ဂေါ်ဖီတို့ထည့်ပါ။ ဆား အနည်းငယ်ထည့်ပြီး ၃ မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် ဝက်သားလုံးကြော်များထည့်ပါ။ စောစောက ကြက်ပြုတ်ရည်အရောအနှောများထည့်ကာ ဆူပွက်လာအောင် စောင့်ပါ။
၇။ ထိုအချိန်တွင် ကြာဇံကို ရေနွေးထဲတွင် ၅ မိနစ်ခန့် စိမ်ထားပါ။
၈။ ဟင်းရည်က ပွက်ပွက်ဆူလာပြီဆိုရင်တော့ ကြာဇံများထည့်ကာ ၁၀ မိနစ်ခန့် တည်ပါ။
အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဝက်သားလုံး ကြာဇံပြုတ်လေး ရရှိသွားပါပြီ။
Source: Seriouseats.com