အားလုံးပဲ မင်္ဂလာပါ။ ကြက်ကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ တရုတ်စတိုင်လ် ချက်ပြုတ်ထားတဲ့ လိမ္မော်အရသာ ကြက်သားကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၄ တုံး (အနေတော်အတုံး တုံးထားပါ)
  • ကြက်ဥ ၃ လုံး (မွှေခလောက်ထားပါ)
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်းနှင့် ဂျုံမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ကြော်ရန် ဆီ
  • လိမ္မော်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်းနှင့် သကြား စားပွဲတင်ဇွန်း ၈ ဇွန်း

  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ကျန်းမာ၊ လှပချင်ရင် လိမ္မော်သီးကို ပုံမှန်စားပါ

  • လိမ္မော်သီးခွံအဖတ်များ (လိမ္မော်သီး တစ်လုံးရဲ့အခွံကို ဓားဖြင့် မွှန်းထားပါ)
  • ပြောင်းမှုန့်အရည် (ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမောအင် ရောမွှေပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး လိမ္မော်ရည်ဆော့စ် ပြုလုပ်ဖို့ရန်အတွက် ဒယ်အိုးကို အပူပေးပြီးနောက် လိမ္မော်ရည်၊ သကြား၊ ရှာလကာရည်၊ ပဲငံပြာရည်၊ ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်တို့ထည့်ကာ သမအောင် မွှေပါ။ ၃ မိနစ်ခန့် တည်ပါ။

၃ မိနစ်ပြည့်ပါက ပြောင်းမှုန့်အရည်များထည့်ကာ သမအောင် ထပ်မွှေပြီးနာက် နောက်ထပ် ၅ မိနစ်ခန့် တည်ပါ။ လိမ္မော်ရည်များ ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ ထို့နောက် လိမ္မော်ရည်ခွံများ ဖြူးထည့်ပေးလိုက်ပါ။

၂။ ပန်းကန်လုံး တစ်လုံးထဲတွင် ဂျုံမှုန့်၊ ပြောင်းမှုန့်နှင့် ဆားတို့ထည့်ကာ သမအောင် ရောမွှေပါ။ အခြားပန်းကန်လုံးထဲတွင်တော့ ကြက်ဥများကို မွှေခလောက်ထားပါ။

၃။ ကြက်သားတုံးများကို ကြက်ဥထဲ ထည့်နှစ်ပါ။ ထို့နောက် ဂျုံမှုန့်အရောအနှောဖြင့် ကပ်ပြီးတဲ့နောက်မှာတော့ ပန်းကန်ပြားထဲ ထည့်ထားပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပါ။ ကြော်ပြီးသား ကြက်သားများကို ပန်းကန်ပြားထဲ ဆယ်ထည့်ထားပါ။

၅။ တစ်ဖန် အခြားဒယ်အိုးထဲတွင် ကြက်သားနှင့် လိမ္မော်ရည်ဆော့စ်များကို သမအောင် ရောမွှေပေးလိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ ကြက်သွန်မြိတ်အနည်းငယ် ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ လိမ္မော်အရသာ တရုတ်စတိုင်လ် ကြက်သားကြော်များ ရရှိသွားပါပြီ။

Source: Modernhoney.com