အားလုံးပဲ မင်္ဂလာပါ။ အရသာရှိတဲ့ ဟင်းလျာအသစ်အဆန်းလေးတွေကို မြည်းစမ်းသုံးဆောင်ချင်ကြတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဝက်နားရွက်သုပ် ဟင်းလျာပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်နားရွက် ၃ ခု
 - ဂျင်းပြား ၃ ပြား
 - ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
 - ငရုတ်ကောင်းစေ့
 - ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 
- ငရုတ်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
 - ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၃ ဇွန်း
 - ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 - ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 - သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
 - လှော်ထားသော နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အိုးအကြီးတစ်လုံးတွင် ရေအပြည့်ထည့်ပြီး ဝက်နားရွက်ထည့်ပါ။ ဂျင်း၊ ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းစေ့တို့ထည့်ကာ မိနစ် ၂၀ ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။
၂။ ပွက်ပွက်ဆူလာပါက ဝက်နားရွက်ကို ပန်းကန်လုံးထဲသို့ ပြောင်းထည့်ကာ အအေးခံထားလိုက်ပါ။ အေးသွားပါက အလျားလိုက် ပါးပါးလှီးထားလိုက်ပါ။
၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ငရုတ်ဆီ၊ ကြက်ပြုတ်ရည်၊ ဆား၊ ရှာလကာရည်၊ သကြား၊ ပဲငံပြာရည်၊ နှမ်းစေ့တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။ ထို့နောက် ထိုဆော့စ်ကို ပါးပါးလှီးထားသော ဝက်နားရွက်ပေါ်သို့ ဆမ်းထည့်ကာ သမအောင် နယ်ပေးရပါမယ်။
၄။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဝက်နားရွက်သုပ်လေး ရရှိသွားပါပြီ။ နံနံပင် (သို့) ကြက်သွန်မြိတ်လေး ထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
Source: Chinasichuanfood.com
											
				
									


