အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အရသာရှိပြီး အစာပြေအဖြစ် သုံးဆောင်လို့ရတဲ့ တရုတ်စတိုင်လ် ရွှေဖရုံသီးကိတ်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

လုပ်နည်းကိုလည်း လွယ်ကူရိုးရှင်းပြီး အရသာရှိတယ်ဆိုတော့ စာဖတ်သူတို့လည်း အကြိုက်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ရွှေဖရုံသီး ၂၅၀ ဂရမ်
  • ကောက်ညှင်းမှုန့် ၂၅၀ ဂရမ်
  • သကြား ၁၀ ဂရမ်
  • ပေါင်မှုန့် အမှုန့် (ကိတ်အပြင်ကနေ လူးပေးရန်)
  • ဆီ

ပြုလုပ်နည်း

အရင်ဆုံး ရွှေဖရုံသီးကို အခွံနွှာ ပါးပါးလှီးပြီး ပေါင်းပေးလိုက်ပါ။

ရပြီဆိုရင် ပြဲသွားအောင်လုပ်ပေးပါ။ အဲဒီနောက် သကြား၊ ကောက်ညှင်းမှုန့်တို့နဲ့ သမအောင် သေချာနယ်ပေးလိုက်ပါ။

ရေထပ်ထည့်စရာမလိုပါဘူး။

ရပြီဆိုရင်တော့ သေချာလေး လုံးပေးလိုက်ပြီး အပြားလေးဖြစ်အောင်လုပ်ပေးလိုက်ပါ။ ပြီးရင်တော့ ပေါင်မှုန့်အမွှလေးနဲ့ ကပ်ပေးလိုက်ပြီး ကြော်ပေးလိုက်ပါ။ ရွှေညိုရောင်လေးသန်းလာရင် ရပါပြီနော်။

Source: www.yumofchina.com

www.chinasichuanfood.com

By: MyFood Myanmar