အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကလေး၊ လူကြီး မရွေး ကြိုက်နှစ်သက်ကြတဲ့ ပဲမုန့်ပန်ကိတ်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၂၀၀ ဂရမ်
  • ပြောင်းမှုန့် ၂၀ ဂရမ်
  • နို့မှုန့် လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • ပဲနီလေး အနှစ် ၄၈၀ ဂရမ်
  • ကြက်ဥ ၂ လုံး

  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ရေ ၃၀၀ မီလီလီတာ
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂျုံမှုန့်၊ ပြောင်းမှုန့််၊ နို့မှုန့်၊ သကြားညိုနှင့် ဆားတို့ထည့်ကာ သမအောင် မွှေထားလိုက်ပါ။ ထို့နောက် ရေ ၃၀၀ မီလီလီတာကို ဖြည်းညှင်းစွာလောင်းထည့်ကာ မွှေပေးလိုက်ပါ။ ကြက်ဥ ၂ လုံးဖောက်ထည့်ကာ ထပ်မံ မွှေခလောက်ပေးလိုက်ပါ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါက စောစောက မုန့်နှစ် ယောင်းမဇွန်း ၁ ဇွန်းစာခန့် ထည့်ကာ ဒယ်အိုးမျက်နှာပြင်တစ်ခုလုံးဖြန့်ကျက်ပေးလိုက်ပါ။ ၁ မိနစ်ခန့် ကြော်ပေးပြီးတဲ့နောက်မှာတော့ မုန့်က ကျက်သွားပါလိမ့်မယ်။ ထိုအခါ ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

ကျန်ရှိနေတဲ့ မုန့်နှစ်များကိုလည်း ထိုနည်းအတိုင်း ကြော်ပေးရပါမယ်။

၃။ ထို့နောက် ပဲနီအနှစ်ကို ၈၀ ဂရမ်ခန့်ကို မုန့်ရဲ့အလယ်ဗဟိုတည့်တည့်တွင် ထည့်ကာ မုန့်ကို စာအိတ်ပုံသဏ္ဍာန် အညီအမျှခေါက်ထားလိုက်ပါ။

၄။ အခြားဒယ်အိုးအသစ်တစ်လုံးကို အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပါ။ ဆီပူလာပါက ပဲမုန့်ကို ဆီပူထဲထည့်ကာ ရွှေညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ ပဲမုန့်ကို ဆီစုပ်စက္ကူပေါ်တွင် စစ်ထားလိုက်ပါ။

ဒါဆိုရင်တော့ ကလေး လူကြီးမရွေး ကြိုက်နှစ်သက်တဲ့ ပဲမုန့်လေး ရရှိသွားပါပြီ။

မနက်စာအဖြစ် (သို့) နေ့လည်စာ စားပြီးတဲ့အခါ လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်းတို့နဲ့ တွဲဖက်ကာ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Asianfoodnetwork.com