အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာကတော့ မနက်စာအဖြစ် စားသုံးနိုင်တဲ့ ဝက်သားညှပ်ပေါင်မုန့်ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပြုလုပ်ရတာလွယ်ကူပြီး အချိန်ကုန်လည်း သက်သာတာကြောင့် မနက်ပိုင်းမှာ အချိန်လုနေရတဲ့အိမ်ရှင်မတွေအဖို့ အသင့်တော်ဆုံးမနက်စာပြင်ဆင်နည်းတစ်ခုပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြော်ထားသော ဝက်သားပြား ၁ ပေါင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပြားနေအောင် ထောင်းထားပါ)ဆားအနည်းငယ်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ပေါင်မုန့် ၂ လုံး
  • ထောပတ် ၂၀ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားပြားများကို ပါးပါးလှီးဖြတ်ထားပါ။

၂။ ထောင်းထားသော ကြက်သွန်ဖြူကို သံလွင်ဆီ၊ ဆားတို့ဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။

၃။ ပေါင်မုန့်ကို ထက်ခြမ်း ခြမ်းထားလိုက်ပါ။ တကယ်လို့ ပေါင်မုန့်က အရမ်းကြီးနေတယ်ဆိုရင်တော့ ပေါင်မုန့်ရဲ့အထဲကအသားကို ဖယ်ထုတ်ထားလိုက်ပါ။ ထို့နောက် စောစောက မွှေထားသော သံလွင်ဆီဖြင့် ပေါင်မုန့်ကို သုတ်လိမ်းပေးလိုက်ပါ။ ပြီးရင်တော့ ပေါင်မုန့်ကို မီးကင်ပေးရပါမယ်။

၄။ နောက်တစ်ဆင့်အနေနဲ့ ထောပတ်ဖြင့် ထပ်မံသုတ်လိမ်းပေးရပါမယ်။

၅။ နောက်ဆုံးတစ်ဆင့်အနေနဲ့ ပေါင်မုန့်ထဲသို့ ဝက်သားပြားများ ညှပ်ထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားညှပ်ပေါင်မုန့်လေး ရရှိသွားပါပြီ။ မနက်စာအဖြစ် ကော်ဖီ၊ နွားနို့ပူပူလေး (သို့) အအေးတို့ဖြင့် အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Thewoksoflife.com