ကိတ်မုန့်တွေ၊ ပေါင်မုန့်တွေ၊ ကွတ်ကီးတွေကို Oven အသုံးပြုပြီး ကိုယ်တိုင်ကိုယ်ကျ ဖုတ်စားချင်သူတွေအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ နှမ်းကပ်ကွတ်ကီး ပြုလုပ်နည်းကို ဝေမျှပေးလိုက်ရပါတယ်။ မိမိအိမ်မှာ အပျင်းပြေလေး လုပ်စားကြည့်လို့ရအောင် အတူတူလေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၂၅၆ ဂရမ်
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ထောပတ် စားပွဲတင်ဇွန်း ၈ ဇွန်း

  • ဂျုံမှုန့်နယ်ရန်ဆီ စားပွဲတင်ဇွန်း ၈ ဇွန်း
  • သကြားဖြူ စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်ဥ ၁ လုံး
  • နှမ်းစေ့အဖြူ စားပွဲတင်ဇွန်း ၈ ဇွန်းခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ မုန့်ဖုတ်ဆိုဒါနှင့် ဆားတို့ကို ဆန်ခါဖြင့် လှုပ်ခါပေးပြီး ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်ပါ။

၂။ အခြားပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ထောပတ်၊ ဆီ၊ သကြားဖြူနှင့် သကြားညိုတို့ကို လျှပ်စစ်မွှေစက်အသုံးပြုကာ သမအောင် မွှေပေးလိုက်ပါ။

၃။ ကြက်ဥ ၁ လုံးဖောက်ထည့်ကာ သမအောင် ထပ်မွှေပေးရပါမယ်။

၄။ ထို့နောက် အဆင့် (၁) က ပြုလုပ်ထားသော ဂျုံမှုန့်အရောအနှောများကို ပန်းကန်လုံးအကြီးထဲထည့်ကာ ထပ်မွှေပေးရပါမယ်။

၅။ ပြီးရင်တော့ ဂျုံလုံးအကြီးတစ်လုံးရအောင် လုံးပေးပါ။ ရရှိလာတဲ့ ဂျုံလုံးကို ထက်ဝက်ခြမ်းပြီးနောက် ဂျုံလုံးအရှည်တစ်လုံးရအောင် လှိမ့်ပေးလိုက်ပါ။ ထို့နောက် ပလပ်စတစ်ဖြင့် ပတ်ထားကာ ရေခဲသေတ္တာထဲတွင် ၂ နာရီမှ ၄ နာရီခန့်အထိ ထည့်ထားလိုက်ပါ။ (တစ်ညခန့် ထည့်ထားမယ်ဆိုလည်း ရပါတယ်။)

၅။ သတ်မှတ်ချိန်ပြည့်ပါက ရေခဲသေတ္တာထဲမှ ထုတ်လိုက်ပါ။ Oven ကို ၃၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ထို့နောက် ဂျုံလုံးရှည်ကို အညီအမျှ ပိုင်းထားလိုက်ပါ။

၆။ ရရှိလာတဲ့ အစိတ်အပိုင်းသေးသေးလေးတွေကို ဂျုံလုံးလေးဖြစ်သွားအောင် လုံးပေးလိုက်ပါ။ ထို့နောက် နှမ်းစေ့များ ကပ်ပေးရပါမယ်။

၇။ လင်ဗန်းကို ဆီအနည်းငယ် သုတ်ထားလိုက်ပါ။ ထိုလင်ဗန်းပေါ်သို့ နှမ်းကပ် ဂျုံလုံးများကို ၂ လက်မစီခြားထားကာ ထည့်ထားလိုက်ပါ။

၈။ ထို့နောက် ကြိုတင်အပူပေးထားသော Oven ထဲတွင် ၁၅ မိနစ်၊ ၁၇ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ နှမ်းကပ်ကွတ်ကီးလေး ရရှိသွားပါပြီ။ ကော်ဖီ (သို့) လက်ဖက်ရည် (သို့) နွားနို့လေးဖြင့် တွဲဖက်စားသုံးမယ်ဆိုရင်တော့ ပိုအရသာရှိပါတယ်။

Source : Thespruceeats.com