အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အစားချေးများတဲ့ ကလေးတွေ၊ ဒါမှမဟုတ် ပုစွန်သိပ်မကြိုက်တဲ့ ကလေးတွေတောင် လျှာလည်သွားစေမယ့် ပုစွန်လုံးကြော်လေးကြော်စားရအောင်ပါ။
ပါဝင်ပစ္စည်း
- ပုစွန်ကို အခွံနွှာပြီး ၁၀ ကောင်ခန့်
- မုန်လာဥနီ အသေး ၁ လုံး
- သစ်အယ်သီး ၅ လုံး (အခွံနွှာထားပါ)
- နံနံပင်တောက်တောက်စဉ်း အနည်းငယ် (နံနံပင်မကြိုက်တဲ့ကလေးတွေအတွက်တော့ မထည့်လည်းရတယ်နော်။)
- ဂျင်း တောက်တောက်စဉ်း အနည်းငယ်
- ဝိုင်အနည်းငယ်
- ဆားအနည်းငယ်
- ကော်မှုန့်အနည်းငယ်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
- ခရုဆီ အနည်းငယ်
- နှမ်းဆီအနည်းငယ်
- သကြားအနည်းငယ်
- ဆီ (ကြော်ရန်)
ပြုလုပ်နည်း
အရင်ဆုံး ပုစွန်ကို အခွံနွှာပြီး ဓားပြားနဲ့ ဖိပြားလိုက်ကာ လှီးလိုက်ပါ။ (သေးသေးလေးဖြစ်အောင်မစဉ်းပါနဲ့နော်။ အတုံးလေးနည်းနည်းမြင်ရအောင်လှီးပါ)
မုန်လာဥနီလေးကို ပြုတ်လိုက်ပါ။ ရေဆစ်လိုက်ပြီး အတုံးလေးတွေလှီးလိုက်ပါ။
သစ်အယ်သီးကိုလည်း တောက်တောက်စဉ်းလိုက်ပါ။
ပြီးရင်တော့ ပန်းကန်တစ်လုံးထဲမှာ ပုစွန်၊ မုန်လာဥနီ၊ သစ်အယ်သီး(တောက်တောက်စဉ်း)၊ နံနံပင်တောက်တောက်စဉ်း၊ ဂျင်းတောက်တောက်စဉ်း၊ ဝိုင်၊ ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်၊ ခရုဆီအနည်းငယ်၊ နှမ်းဆီအနည်းငယ်၊ သကြား၊ ကော်မှုန့်အနည်းငယ် တို့ကိုရောလိုက်ပါ။ ၅-၁၀ မိနစ်လောက်ထားထားပါ။
ပြီးရင်တော့ အိုးထဲဆီထည့်လိုက်ပြီး ပုစွန်နယ်ထားတာတွေကို အတုံးလေးတွေလုပ်ကာ ထည့်ကြော်လိုက်ပါ။ မကပ်အောင် သတိထားပြီးကြော်ပါနော်။ အညိုရောင်လေးသန်းလာရင် တစ်ဖက်ကိုလှန်ပေးလိုက်ပါ။ နှစ်ဖက်လုံးကျက်ပြီဆို ရပါပြီနော်။
Source: thewoksoflife.com
By: MyFood Myanmar