အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အစားချေးများတဲ့ ကလေးတွေ၊ ဒါမှမဟုတ် ပုစွန်သိပ်မကြိုက်တဲ့ ကလေးတွေတောင် လျှာလည်သွားစေမယ့် ပုစွန်လုံးကြော်လေးကြော်စားရအောင်ပါ။

ပါဝင်ပစ္စည်း

  • ပုစွန်ကို အခွံနွှာပြီး ၁၀ ကောင်ခန့်
  • မုန်လာဥနီ အသေး ၁ လုံး
  • သစ်အယ်သီး ၅ လုံး (အခွံနွှာထားပါ)
  • နံနံပင်တောက်တောက်စဉ်း အနည်းငယ် (နံနံပင်မကြိုက်တဲ့ကလေးတွေအတွက်တော့ မထည့်လည်းရတယ်နော်။)
  • ဂျင်း တောက်တောက်စဉ်း အနည်းငယ်

  • ဝိုင်အနည်းငယ်
  • ဆားအနည်းငယ်
  • ကော်မှုန့်အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

  • ခရုဆီ အနည်းငယ်
  • နှမ်းဆီအနည်းငယ်
  • သကြားအနည်းငယ်
  • ဆီ (ကြော်ရန်)

ပြုလုပ်နည်း

အရင်ဆုံး ပုစွန်ကို အခွံနွှာပြီး ဓားပြားနဲ့ ဖိပြားလိုက်ကာ လှီးလိုက်ပါ။ (သေးသေးလေးဖြစ်အောင်မစဉ်းပါနဲ့နော်။ အတုံးလေးနည်းနည်းမြင်ရအောင်လှီးပါ)

မုန်လာဥနီလေးကို ပြုတ်လိုက်ပါ။ ရေဆစ်လိုက်ပြီး အတုံးလေးတွေလှီးလိုက်ပါ။

သစ်အယ်သီးကိုလည်း တောက်တောက်စဉ်းလိုက်ပါ။

ပြီးရင်တော့ ပန်းကန်တစ်လုံးထဲမှာ ပုစွန်၊ မုန်လာဥနီ၊ သစ်အယ်သီး(တောက်တောက်စဉ်း)၊ နံနံပင်တောက်တောက်စဉ်း၊ ဂျင်းတောက်တောက်စဉ်း၊ ဝိုင်၊ ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်၊ ခရုဆီအနည်းငယ်၊ နှမ်းဆီအနည်းငယ်၊ သကြား၊ ကော်မှုန့်အနည်းငယ် တို့ကိုရောလိုက်ပါ။ ၅-၁၀ မိနစ်လောက်ထားထားပါ။

ပြီးရင်တော့ အိုးထဲဆီထည့်လိုက်ပြီး ပုစွန်နယ်ထားတာတွေကို အတုံးလေးတွေလုပ်ကာ ထည့်ကြော်လိုက်ပါ။ မကပ်အောင် သတိထားပြီးကြော်ပါနော်။ အညိုရောင်လေးသန်းလာရင် တစ်ဖက်ကိုလှန်ပေးလိုက်ပါ။ နှစ်ဖက်လုံးကျက်ပြီဆို ရပါပြီနော်။

Source: thewoksoflife.com

By: MyFood Myanmar