ဆန်ပြုတ်က တရုတ်နိုင်ငံမှာ နာမည်ကြီးတဲ့ အစားအစာတစ်မျိုးဖြစ်ပြီး ဆန်ပြုတ်ကို အရသာ မျိုးစုံနဲ့ ပြုတ်စားကြပါတယ်။
ဒါ့ကြောင့် တရုတ်နိုင်ငံမှာ နာမည်ကြီး စီချွမ် စတိုင်လ် ပုစွန်ဆန်ပြုတ် လုပ်နည်းလေးကို ဝေမျှချင်ပါတယ်။
ပါဝင်ပစ္စည်းများ
ဆန် ၁ ခွက်စာ
ရေ ၂ လီတာ
ပုစွန် အကောင်သေး ၁၀ ကောင် (အခွံခွာထားပါ)
တောက်တောက်စဉ်းထားသည့်
အစိမ်းရောင်အရွက်များ (ဥပမာ တရုတ်မုန်ညှင်း၊ စသည်) (၁ခွက်ရဲ့တစ်ဝက်)
ဆား အနည်းငယ်
ဂျင်း လက်တဒစ်စာ (ထောင်းထားပါ)
ငရုတ်ကောင်းမှုန့် အနည်းငယ်
ကြက်သွန်မြိတ် (အလှဆင်ရန်)
ဟင်းချက် ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်
ပြုလုပ်နည်း
ပန်းကန်လုံး တစ်လုံးထဲမှာ ပုစွန်လေးများကို ထောင်းထားသည့် ဂျင်းများနှင့် နယ်ပြီး ဟင်းချက်ဝိုင်နဲ့ ငရုတ်ကောင်းမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပါ။
ဆန်ကို မိနစ် ၃၀ လောက် ရေစိမ်ပြီးနောက် ရေဆေးပြီး ရေစစ်လိုက်ပါ။ ပန်းကန်လုံး တစ်လုံး အသေးထဲမှာ ဆန်ကို ဆားအနည်းနဲ့ ဆီနဲ့ထည့်ပြီး နယ်ထားပြီး ၁၀ မိနစ်ထားလိုက်ပါ။
အိုးကြီးကြီး ၁ လုံးထဲမှာ ရေ ထည့်ပြီး ပွက်အောင်လုပ်ပြီး ဆန်ထည့်ပါ။ မီး အေးအေးလေးနဲ့ မိနစ် ၄၀ လောက်ကြာမှာ တည်ပါ။ ဆန်က ကွဲလာပြီး ဆန်ပြုတ် ပျစ်ပျစ်ရသည့်အထိ တည်ပါ။
ဂျင်း၊ ဟင်းရွက်တောက်တောက်စဉ်း တို့ကိုထည့်ပြီး ၁ မိနစ်လောက်ဆက်ပြီး ချက်ပါ။
ပုစွန်ထည့်ပါ။ ပုစွန်က အနီရောင်သန်းလာရင် မီးကို ပိတ်လိုက်ပြီး ဆန်ပြုတ်အိုးကို မီးဖိုပေါ်ကနေ ချလိုက်ပါ။
ကြက်သွန်မြိတ်နဲ့ အလှဆင်ပြီး၊ သခွားသီး ချဉ် တခြား သနပ်များနှင့် တွဲပြီး ပူနေသည့် အချိန်မှာ စားပါ။
Photos Credit: China Sichuan Food