အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ကြက်ဥပြုတ်နည်းကတော့ တရုတ်စတိုင်လ် ဆေးကြက်ဥပြုတ် ပြုတ်နည်းပဲဖြစ်ပါတယ်။ ဒီကြက်ဥပြုတ်ကို ခေါက်ဆွဲပြုတ်နဲ့ တွဲဖက်စားသုံးမယ်ဆိုရင်တော့ အင်မတန်မှ လိုက်ဖက်မှုရှိတာကို တွေ့ရှိရတာကြောင့် စာဖတ်သူတို့လည်း မြည်းစမ်းကြည့်နိုင်အောင် ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၈ လုံး
  • ရေ
  • ဆားအနည်းငယ်
  • ဟင်းခပ်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း တစ်ဝက်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးအသေးတစ်လုံးထဲတွင် ရေ ၁ လီတာ၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁၂ ဇွန်း၊ ဆန်ရှာလကာရည်၊ သကြားနှင့် ဟင်းခပ်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ထည့်ကာ ၁၀ မိနစ်ခန့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၂။ အခြားအိုးအကြီးတစ်လုံးကို ရေထည့်ပြီးနောက် ဆားအနည်းငယ်ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက ကြက်ဥများထည့်ကာ မီးအေးအေးဖြင့် ၆ မိနစ်ခန့် တည်ထားလိုက်ပါ။ (ကြက်ဥ ထည့်ပြီးပြီးချင်းအချိန်မှာ ဇွန်းအကြီးဖြင့် ၂ မိနစ်ခန့် မွှေပေးရပါမယ်။)

၃။ သတ်မှတ်ထားသောအချိန်ပြည့်ပါက ကြက်ဥများကို ဆယ်ယူပြီးရေအေးထဲထည့်ကာ အခွံခွာပေးလိုက်ပါ။

၄။ အခွံခွာပြီးသော ကြက်ဥများကို အဆင့် (၁) က တည်ထားသော ပဲငံပြာရည် သကြားအရောအနှောထဲတွင်ထည့်ကာ တစ်ညခန့် နှပ်ထားရပါမယ်။

မနက်ရောက်တဲ့အခါမှာတော့ ကြက်ဥများကို ပန်းကန်လုံးတစ်လုံးထဲသို့ ဆယ်ယူလိုက်ပါ။

အပြင်ပန်းသဏ္ဍာန် အညိုရောင်ရှိပြီး အတွင်းက ကြက်ဥအနှစ်များက စားချင်စဖွယ်အတိပြီးတဲ့ ဆေးကြက်ဥပြုတ်လေး ရရှိသွားပါပြီ။

မနက်စာအဖြစ် ကြက်ဥပြုတ်နဲ့ တွဲဖက်စားသုံးမယ်ဆိုရင်တော့ လျှာလည်သွားစေမယ့်အရသာကို မြည်းစမ်းကြည့်နိုင်မှာပဲဖြစ်ပါတယ်။

Source: Chinasichuanfood.com