ရိုးရိုးကြက်ဥပြုတ်စားရတာ ငြီးငွေ့နေပြီဆိုသူများအတွက် ဆေးကြက်ဥပြုတ်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၈ လုံး
  • ရေနှင့် ဆားအနည်းငယ်
  • ဟင်းခပ်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ၁ လီတာ
  • သကြား စားပွဲတင်ဇွန်းတစ်ဝက်

  • ပဲငံပြာရည် ပန်းကန်လုံး လေးပုံ သုံးပုံခန့်
  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇါန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲတွင် ရေ ၁ လီတာ၊ ပဲငံပြာရည်၊ ဆန်ရှာလကာရည်၊ သကြားနှင့် ဟင်းခပ်မှုန့်တို့ထည့်ပြီး ၁၀ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဒါဆိုရင်တော့ ပဲငံပြာရည်ဆော့စ်လေး ရရှိသွားပါပြီ။

၂။ ဒယ်အိုးတစ်လုံးကို ရေ တစ်ဝက်ထည့်ပြီးနောက် ဆားထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၃။ ဆူပွက်လာပါက ဒယ်အိုးထဲသို့ ကြက်ဥများထည့်ပြီး မီးအနည်းငယ်လျော့ကာ ၆ မိနစ်ခန့် တည်ထားလိုက်ပါ။

၄။ ထို့နောက် ကြက်ဥများကို ဆယ်ယူပြီး ရေအေးထဲထည့်ကာ အအေးခံထားလိုက်ပါ။ အေးသွားပါက အခွံခွာထားလိုက်ပါ။

၅။ ရရှိလာတဲ့ ကြက်ဥပြုတ်များကို အဆင့် (၁) က ပြုလုပ်ထားတဲ့ ဆော့စ်ထဲထည့်ကာ ၁၂ နာရီ၊ နာရီ ၂၀ ခန့် စိမ်ထားလိုက်ပါ။

၆။ တစ်ညခန့်စိမ်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဆေးကြက်ဥပြုတ်လေး ရရှိသွားပါပြီ။

ထမင်းနဲ့ဖြစ်ဖြစ် ခေါက်ဆွဲပြုတ်နဲ့ပဲဖြစ်ဖြစ် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com