အားလုံးပဲ မင်္ဂလာပါ။ ဝက်နံရိုး နူးနူးအိအိလေးလည်း စားချင်တယ် ချက်ပြုတ်ချိန်လည်း အကြာကြီး မပေးနိုင်ဘူးဆိုသူတွေအတွက် ဒီတစ်ခါမှာတော့ ပေါင်းအိုးထဲ မိနစ် ၂၀ ခန့် ထည့်ပေါင်းရုံနဲ့ အရသာရှိတဲ့ ဝက်နံရိုးပေါင်းဟင်းလျာ ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၅၀၀ ဂရမ် (အနေတော် အတုံး တုံးထားပါ)
  • ဂျင်းပြား ၃ ပြား (ပါးပါးလှီးထားပါ)
  • ငရုတ်ကောင်းမှုန့် အနည်းငယ်နှင့် သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • အချဉ်ဖောက်ထားသော ပဲပိစပ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၆ မြွှာ (နုပ်နုပ်စဉ်းထားပါ)

  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဝက်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့်အရည် (ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် ရောမွှေထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်နံရိုးကို ရေဖြင့် စင်ကြယ်အောင်ဆေးကြောပြီးနောက် ပန်းကန်လုံးအကြီးထဲထည့်ကာ ငရုတ်ကောင်းမှုန့်၊ သကြား၊ ဂျင်း အနည်းငယ်၊ ပဲပိစပ်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ဟင်းချက်ဝိုင်တို့ဖြင့် သမေအောင် ရောနယ်ထားလိုက်ပါ။ ထို့နောက် အဖုံးဖြင့် ဖုံးအုပ်ထားပြီးနောက် အနည်းဆုံး ၃ နာရီခန့် နှပ်ထားဖို့လိုပါတယ်။

၂။ သုံးနာရီ (သို့) တစ်ညလုံး နှပ်ထားပြီးသွားတဲ့အခါမှာတော့ ပြောင်းမှုန့်အရည်များကို ဝက်နံရိုးပေါ် လောင်းထည့်ပြီးနောက် သမအောင် ထပ်နယ်ပေးလိုက်ပါ။

၃။ ဝက်နံရိုးများကို ဆယ်ယူပြီး ခွက်သန့်သန့်ထဲ ပြောင်းထည့်ထားလိုက်ပါ။ ပန်းကန်လုံးထဲရှိ ကျန်ရှိနေသော အရည်များအနက် ပဲပိစပ်အနှစ်ကိုသာ ခပ်ယူပြီး ဝက်နံရိုးပေါ် တင်ထားလိုက်ပါ။ ကျန်ရှိနေသော အရည်များကိုတော့ သွန်ပစ်လို့ရပါတယ်။

၄။ ထိုဝက်နံရိုးခွက်ကို ပေါင်းအိုးထဲထည့်ပြီးနောက် မိနစ် ၂၀ ခန့် ထည့်ပေါင်းပေးလိုက်ပါ။

၅။ မိနစ် ၂၀ ပြည့်သွားတဲ့အခါမှာတော့ နူးအိနေတဲ့ ဝက်နံရိုးပေါင်းလေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source : Chinasichuanfood.com