အိမ်ရှင်မတွေအဖို့ ကိုယ့်အိမ်သားတွေအတွက် တစ်နေ့ တစ်နေ့ ဘယ်လိုဟင်းလျာပြင်ဆင်ချက်ပြုတ်ရမလဲဆိုတာကို စဉ်းစားနေရတာလည်း အလုပ်တစ်ခုပါပဲ။ မနက်ဖြန်မှာ ဘာဟင်းချက်စားရမလဲ အိုင်ဒီယာမရသေးဘူးဆိုရင်တော့ ပုစွန်ကြက်ဥမွှေကြော်လေး ချက်ကျွေးလိုက်ပါ။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၈ ကောင်

  • ကြက်ဥ ၂ လုံး
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (သို့) ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် အနည်းငယ် (လှီးဖြတ်ထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

အခွံချွတ်ပြီး ရေစင်စင်ဆေးထားသော ပုစွန်များကို ပန်းကန်လုံးထဲထည့်ပြီး ဆားဖြင့် နယ်ထားပါ။ ၅ မိနစ်မှ ၁၀ မိနစ်ခန့် ဆားဖြင့်စိမ်ထားလိုက်ပါ။

အခြားပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥများကို ဆားအနည်းငယ်ထည့်ပြီး မွှေခလောက်ထားပါ။

နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးထဲဆီထည့်ပြီး ပါးပါးလှီး နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူထည့်မွှေလိုက်ပါ (ကြက်သွန်ဖြူမှုန့်အသုံးပြုပါက ဒီအဆင့် ကျော်လိုက်ပါ)။

ထို့နောက် ပုစွန်ထည့်ပြီး စက္ကန့် ၃၀ ခန့် ထည့်ကြော်ပေးပါ။

ကြော်ပြီးသား ပုစွန်များကို ကြက်ဥပန်းကန်ထဲထည့်ပြီး ကြက်သွန်ဖြူမှုန့်ထည့်ကာ မွှေပေးလိုက်ပါ။

အလယ်အလတ်မီးအပူချိန်ဖြင့် ကြက်ဥ ပုစွန်များ ထည့်ကြော်ရပါမယ်။ တစ်မိနစ်ခန့် ကြက်ဥများကို အပြန့်လိုက်ကြော်ပါ။ တစ်မိနစ်ပြည့်မှ ကြက်ဥနဲ့ ပုစွန်များကို မွှေပေးလိုက်ပါ။

ထို့နောက် မီးဖိုပေါ်က ချခါနီးမှ ကြက်သွန်မြိတ်များ ထည့်လိုက်ပါ။ ဒါမှ ကြက်သွန်မြိတ်လေးတွေ မကျက်တကျက်ဖြစ်နေမှာပါ။

အခုဆိုရင်တော့ အနံ့အရသာနဲ့ပြည့်စုံတဲ့ ပုစွန် ကြက်ဥမွှေကြော် ဟင်းလျာတစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Source: Ohsnapletseat.com