တရုတ်အစားအစာ နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ တရုတ်စတိုင်လ်ကြော်ထားတဲ့ ကြက်တောင်ပံကြွပ်ကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၂၀ ခု
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဝီစကီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲငံပြာရည်၊ ပျားရည်၊ နှမ်းဆီ၊ ဝီစကီနှင့် သကြားညိုတို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၂။ ထို့နောက် ကြက်တောင်ပံများ ထည့်ကာ ၁ နာရီခန့် နှပ်ထားလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်အောင် နှပ်ပြီးတဲ့အခါမှာတော့ ကြက်တောင်ပံများကို နှပ်ထားပြီးသားဆော့စ်အရည်များကို ဒယ်အိုးထဲထည့်ကာ ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။

၄။ ရရှိလာတဲ့ ကြက်တောင်ပံများကို ဆီစုပ်စက္ကူ ခံထားသော လင်ဗန်းထဲထည့်ပါ။ ထို့နောက် ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲထည့်ကာ မိနစ် ၃၀ ခန့် အပူပေးထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ တရုတ်စတိုင်လ် ကြက်တောင်ပံကြွပ်ကြော်လေး ရရှိသွားပါပြီ။

Source: Mc2creativeliving.com