နွေရာသီ ပူပူအိုက်အိုက်အချိန်မှာ တရုတ်စတိုင်လ် တို့ဖူးအေး အသုပ်လေးက အသင့်တော်ဆုံးပါပဲ။
ပါဝင်ပစ္စည်းများ
တို့ဖူး (နူးနူးညံ့ညံ့လေး)
နံနံပင်
ကြက်သွန်မြိတ် (ပါးပါးလှီးထားပါ)
အချဉ်စပ်ဖို့
- ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
- နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
- ရှာလကာရည် အနက်ရောင် လက်ဖက်ရည်ဇွန်း၁ ဇွန်း
- ထိုင်း ငရုတ်သီး ၂ တောင့် (Chili Oil ထည့်လည်းရ)
- လှော်ထားပြီးသား နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်းရဲ့တစ်ဝက်
- သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်
- ကြက်သွန်ဖြူ ၁ လုံး (ပါးပါးလှီးထားပါ)
- ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း (နှပ်နှပ်စဉ်းထားပါ)
- ကြက်သွန်မြိတ် ၁ ချောင်း (ပါးပါးလှီးထားပါ) နှင့်နံနံပင် ၂ ချောင်း ကနေ ၃ ချောင်း
ပြုလုပ်နည်း
တို့ဖူးကို အတုံးလေးတွေ တုံးထားလိုက်ပါ။ အချဉ်စပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းများကို ဇလုံ ၁လုံးထဲထည့်ပြီး မွှေလိုက်ပါ။ ၁ မိနစ် ၂ မိနစ်လောက်ထားလိုက်ပါ။
အချဉ်ကို တို့ဖူးအပေါ် လောင်းချလိုက်ပြီး နံနံပင် နှင့် ကြက်သွန်မြိတ်တို့နဲ့အလှဆင်လိုက်ပါ။ ဒါဆိုရင် အရသာရှိတဲ့ တို့ဖူးအေး အသုပ်လေး ရပါပြီနော်။
Photos Credit: Chinasichuanfood