နွေရာသီ ပူပူအိုက်အိုက်အချိန်မှာ တရုတ်စတိုင်လ် တို့ဖူးအေး အသုပ်လေးက အသင့်တော်ဆုံးပါပဲ။

ပါဝင်ပစ္စည်းများ

တို့ဖူး (နူးနူးညံ့ညံ့လေး)

နံနံပင်

ကြက်သွန်မြိတ် (ပါးပါးလှီးထားပါ)

အချဉ်စပ်ဖို့

  • ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် အနက်ရောင် လက်ဖက်ရည်ဇွန်း၁ ဇွန်း
  • ထိုင်း ငရုတ်သီး ၂ တောင့် (Chili Oil ထည့်လည်းရ)

  • လှော်ထားပြီးသား နှမ်းစေ့  စားပွဲတင်ဇွန်း ၁ ဇွန်းရဲ့တစ်ဝက်
  • သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်
  • ကြက်သွန်ဖြူ ၁ လုံး (ပါးပါးလှီးထားပါ)
  • ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း (နှပ်နှပ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် ၁ ချောင်း (ပါးပါးလှီးထားပါ) နှင့်နံနံပင် ၂ ချောင်း ကနေ ၃ ချောင်း

ပြုလုပ်နည်း


တို့ဖူးကို အတုံးလေးတွေ တုံးထားလိုက်ပါ။ အချဉ်စပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းများကို ဇလုံ ၁လုံးထဲထည့်ပြီး မွှေလိုက်ပါ။ ၁ မိနစ် ၂ မိနစ်လောက်ထားလိုက်ပါ။

အချဉ်ကို တို့ဖူးအပေါ် လောင်းချလိုက်ပြီး နံနံပင် နှင့် ကြက်သွန်မြိတ်တို့နဲ့အလှဆင်လိုက်ပါ။ ဒါဆိုရင် အရသာရှိတဲ့ တို့ဖူးအေး အသုပ်လေး ရပါပြီနော်။

Photos Credit: Chinasichuanfood