အားလုံးပဲ မင်္ဂလာပါ။ ပိတ်ရက်လေးမှာ ချစ်ခင်ရတဲ့ မိသားစု၊ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝိုင်းဖွဲ့ပြီး ညစာ စားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိလွန်းလို့ ဆွေမျိုးမေ့သွားစေမယ့် ဝက်နံရိုးကင် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၄ ပေါင်
  • ကြက်သွန်မြိတ် ၅ ပင် (ပါးပါးလှီးထားပါ)
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည် ၁၂၅ မီလီလီတာ
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း

  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၃ ပင် (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းခပ်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်နံရိုးကို အနေတော်အတုံး တုံးထားပြီးနောက် ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ သကြားညို၊ ပျားရည်၊ နုပ်နုပ်စဉ်းထားသော ဂျင်းနှင့် ကြက်သွန်ဖြူ၊ ပန်းသီးရှာလကာရည်၊ နှမ်းဆီ၊ ငရုတ်သီးအနှစ်၊ ဟင်းခပ်မှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၃။ ဝက်နံရိုးများကို အလုံပိတ်အိတ်ထဲထည့်ပြီးနောက် စောစောကငရုတ်နှစ်အရည်များကို ထိုဝက်နံရိုးအိတ်ထဲသို့ လောင်းထည့်ကာ အချဉ်ရည်များ နံှစပ်သွားအောင် ပြုလုပ်ပေးလိုက်ပါ။ ထို့နောက် အိတ်ကို လေမဝင်အောင် ပိတ်စည်းထားပြီးနောက် ရေခဲသေတ္တာထဲတွင် ၁ နာရီမှ ၄ နာရီအထိ ထည့်ထားလိုက်ပါ။

၄။ သတ်မှတ်ထားသော အချိန်ပြည့်ပါက အကင်မီးဖိုကို အပူပေးထားလိုက်ပါ။ ဝက်နံရိုးများကို လင်ဗန်းပေါ်တွင် အဆင်သင့်တင်ထားလိုက်ပါ။

၅။ ထို့နောက် ဝက်နံရိုးများကို အကင်မီးဖိုပေါ်တွင် ၂၅ မိနစ်၊ မိနစ် ၃၀ ခန့် ကင်ပေးရပါမယ်။ ကင်နေစဉ်အတောအတွင်းမှာလည်း ဝက်နံရိုးများကို ဟိုဘက်ဒီဘက်လှည့်ပေးဖို့လိုပါတယ်။

၆။ ကင်ပြီးသွားသော ဝက်နံရိုးများကို ပန်းကန်ပြားထဲထည့်ကာ ကြက်သွန်မြိတ်နှင့် နှမ်းစေ့များ ဖြူးပေးလိုက်ပါ။

ဒါဆိုရင်တော့ သူငယ်ချင်း မိတ်ဆွေ၊ ချစ်သူခင်သူတွေနဲ့ လက်ဆုံစားသောက်နိုင်တဲ့ ဝက်နံရိုးကင်လေး ရရှိသွားပါပြီ။ အအေးနဲ့ တွဲဖက်စားသောက်မယ်ဆိုရင်တော့ အင်မတန်လှ လိုက်ဖက်မှုရှိပါတယ်။

Source: Thespruceeats.com