အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ငါးချိုချဉ်ကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါး ၁၂ အောင်စ (အနေတော် အတုံး တုံးထားပါ)
  • ဆီ ၇၅၀ မီလီလီတာ
  • ဂျုံမှုန့် ၃၀၀ ဂရမ်
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ချိုချဉ်ဆော့စ် ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ ၁ ခြမ်း ( တစ်လက်မပတ်လည် အတုံးတုံးထားပါ)
  • ငရုတ်ပွအနီနှင့် အစိမ်း ၂ တောင့် ( တစ်လက်မပတ်လည် အတုံးတုံးထားပါ)
  • Ketchup စားပွဲတင်ဇွန်း ၁ ဇွန်း
  • နာနတ်သီး ၄ စိပ် ၁ စိပ် (အတုံးခပ်သေးသေးတုံးထားပါ)နှင့် နာနတ်သီးအရည် အနည်းငယ်
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ

  • ရေ ၆၀ မီလီလီတာ
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ပြောင်းမှုန့်၊ ဆား၊ နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ဆီနှင့် ရေအနည်းငယ်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၂။ ရရှိလာတဲ့ ဂျုံနှစ်ထဲသို့ ငါးအတုံးများထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ငါးမုန့်နှစ်များထည့်ကာ ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ငါးများ ရွှေညိုရောင်ပြောင်းသွားပါက ပန်းကန်ထဲသို့ ဆယ်ယူလိုကပါ။

၄။ အခြားဒယ်အိုးတစ်လုံးထဲသို့ ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်ပွတို့ထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ Ketchup ထည့်ကာ စက္ကန့် ၂၀ ခန့် မွှေပေးလိုက်ပါ။ ထို့နောက် နာနတ်သီး၊ နာနတ်ရည်၊ ရှာလကာရည်၊ ရေ ၆၀ မီလီလီတာ၊ ဆား၊ သကြားတို့ထည့်ကာ ၂ မိနစ်ခန့် ဆူပွက်လာအောင် တည်ပေးလိုက်ပါ။ ဆော့စ်က ဆူပွက်လာပြီဆိုရင်တော့ ပြောင်းမှုန့်ထည့်ကာ ဆော့စ်အရည်ပျစ်သွားအောင် တည်ပေးလိုက်ပါ။

၅။ ဆော့စ် ကျိုနေတဲ့အချိန်မှာ ငါးကြော်က ပျော့သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ ဆီပူထဲတွင် စက္ကန့် ၃၀ ခန့် ပြန်ကြော်ပေးလိုက်ပါ။ ငါးကြော် ကြွပ်ကြွပ်လေးကို ဆော့စ် ဒယ်အိုးထဲထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

စက္ကန့်အနည်းငယ်ခန့် မွှေပြီးတဲ့နောက်မှာတော့ ငါးချိုချဉ်ကြော်လေး ရရှိသွားပါပြီ။

Source: Thewoksoflife.com