[Unicode]

ကြက်သားစားရတာရိုးလာရင် ဆန်းဆန်းပြားပြားလေးတွေ လုပ်စားကြည့်ပါလို့ အကြံပြုပါတယ်။ ဒါကြောင့် ကြက်သားကို အရသာရှိရှိလေးဖြစ်အောင် တရုတ်စတိုင်လ်ကြော်ချက်ပြုလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် ကြက်သား – ၁၂၀ ဂရမ်ကို တစ်လက်မအတုံးလေးတွေ တုံးထားပေးပါ။ ပြီးရင်တော့ ကြက်သားတုံးတွေပေါ်ကို သံပယိုသီးအခွံတွေ နည်းနည်းခြစ်ချပါ။ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ၊ ပဲငံပြာရည် – စားပွဲတင်ဇွန်းတစ်ဇွန်းစာ၊ ဆား – လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာတို့ကို ထည့်နယ်ပေးပါ။

နယ်ပြီးသားကြက်သားတွေကို ဂျုံမှုန့်ပန်းကန်ထဲထည့်နယ်ပြီး ခလောက်ထားတဲ့ ကြက်ဥပန်းကန်ထဲ ထည့်နယ်ပါ။ ပြီးတာနဲ့ Bread Crumbs ပန်းကန်ထဲထည့်နယ်ပေးပါ။ ပြီးရင်တော့ ဆီအိုးထဲထည့်ပြီး ကြော်လို့ရပါပြီ။

နောက်ထပ်ဒယ်အိုးတစ်လုံးကို မီးဖိုပေါ်တင်ပြီး ကြက်ပြုတ်ရည် – တစ်ခွက်စာနဲ့ ခြစ်ချထားတဲ့ သံပယိုသီးအခွံတွေကို ထည့်ပါ။ သံပယိုရည် – ခွက်တစ်ခွက်စာနဲ့ သကြား – စားပွဲတင်ဇွန်းလေးဇွန်းစာကို ထည့်မွှေပါ။ ပွက်ပွက်ဆူလာရင် ရေ – စားပွဲတင်ဇွန်းတစ်ဇွန်းစာထည့်ပြီး ဆန်မှုန့် – စားပွဲတင်ဇွန်းတစ်ဝက်စာ ထည့်မွှေပါ။ ပြီးတာနဲ့ ကြော်ထားတဲ့ကြက်သားတွေကိုထည့်မွှေပါ။

အရည်ခမ်းပြီဆိုရင်တော့ နှမ်းနဲ့ ကြက်သွန်မြိတ်ဖြူးပြီး ပန်းကန်ထဲခူးထည့်ကာ ထမင်းနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။

Photo Source: www.tasty.com

[Zawgyi]

ၾကက္သားစားရတာရိုးလာရင္ ဆန္းဆန္းျပားျပားေလးေတြ လုပ္စားၾကည့္ပါလို႔ အႀကံျပဳပါတယ္။ ဒါေၾကာင့္ ၾကက္သားကို အရသာရွိရွိေလးျဖစ္ေအာင္ တရုတ္စတိုင္လ္ေၾကာ္ခ်က္ျပဳလုပ္နည္းေလး မွ်ေဝေပးလိုက္ပါတယ္။

စတင္ျပဳလုပ္ဖို႔အတြက္ ၾကက္သား – ၁၂၀ ဂရမ္ကို တစ္လက္မအတံုးေလးေတြ တံုးထားေပးပါ။ ၿပီးရင္ေတာ့ ၾကက္သားတံုးေတြေပၚကို သံပယိုသီးအခံြေတြ နည္းနည္းျခစ္ခ်ပါ။ ႏုတ္ႏုတ္ဆင္းထားတဲ့ ၾကက္သြန္ျဖဴ – လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာ၊ ပဲငံျပာရည္ – စားပဲြတင္ဇြန္းတစ္ဇြန္းစာ၊ ဆား – လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ငရုပ္ေကာင္းမႈန္႔ – လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာတို႔ကို ထည့္နယ္ေပးပါ။

နယ္ၿပီးသားၾကက္သားေတြကို ဂ်ံဳမႈန္႔ပန္းကန္ထဲထည့္နယ္ၿပီး ခေလာက္ထားတဲ့ ၾကက္ဥပန္းကန္ထဲ ထည့္နယ္ပါ။ ၿပီးတာနဲ႔ Bread Crumbs ပန္းကန္ထဲထည့္နယ္ေပးပါ။ ၿပီးရင္ေတာ့ ဆီအိုးထဲထည့္ၿပီး ေၾကာ္လို႔ရပါၿပီ။

ေနာက္ထပ္ဒယ္အိုးတစ္လံုးကို မီးဖိုေပၚတင္ၿပီး ၾကက္ျပဳတ္ရည္ – တစ္ခြက္စာနဲ႔ ျခစ္ခ်ထားတဲ့ သံပယိုသီးအခံြေတြကို ထည့္ပါ။ သံပယိုရည္ – ခြက္တစ္ခြက္စာနဲ႔ သၾကား – စားပဲြတင္ဇြန္းေလးဇြန္းစာကို ထည့္ေမႊပါ။ ပြက္ပြက္ဆူလာရင္ ေရ – စားပဲြတင္ဇြန္းတစ္ဇြန္းစာထည့္ၿပီး ဆန္မႈန္႔ – စားပဲြတင္ဇြန္းတစ္ဝက္စာ ထည့္ေမႊပါ။ ၿပီးတာနဲ႔ ေၾကာ္ထားတဲ့ၾကက္သားေတြကိုထည့္ေမႊပါ။

အရည္ခမ္းၿပီဆိုရင္ေတာ့ ႏွမ္းနဲ႔ ၾကက္သြန္ၿမိတ္ျဖဴးၿပီး ပန္းကန္ထဲခူးထည့္ကာ ထမင္းနဲ႔ တဲြဖက္စားသံုးႏိုင္ပါၿပီ။

Photo Source: www.tasty.com