အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ တို့ဖူးသုပ် ကြိုက်နှစ်သက်သူများအတွက် ဟင်းသီးဟင်းရွက်စုံစုံလင်လင်နဲ့ သုပ်ထားတဲ့ ဟင်းရွက်စုံ တို့ဖူးသုပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်ပွအနီ ၁ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၁ လုံး၊ သခွားသီး ၁ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • တို့ဖူး ၈ အောင်စ (ပါးပါးလှီးထားပါ)
  • နံနံပင် လက်တစ်ဆုပ်စာခန့် (ပါးပါးလှီးထားပါ)

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား၊ ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် လှော်ထားသော နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဟင်းသီးဟင်းရွက်များ အားလုံးကို ရေဆေးပြီးနောက် အချို့ကို ပါးပါးလှီးပါ။ အချို့ကို အချောင်းလိုက် ပါးပါးလှီးထားပါ။ တို့ဖူးကိုလည်း ပါးပါးလှီးထားပါ။

၂။ ထိုဟင်းသီးဟင်းရွက်နှင့် တို့ဖူးတို့ကို ပန်းကန်လုံးအကြီးထဲထည့်ပါ။

၃။ ထို့နောက် ပန်းကန်လုံး အသေးတစ်လုံးထဲတွင် သံလွင်ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ပဲငံပြာရည်အကြည်၊ ရှာလကာရည်၊ နှမ်းဆီနှင့် နှမ်းစေ့တို့ထည့်ကာ သကြားနှင့် ဆားတို့ ပျော်ဝင်သွားသည်အထိ သမအောင် မွှေပေးလိုက်ပါ။

၄။ ဟင်းသီးဟင်းရွက်နှင့် တို့ဖူးပန်းကန်ထဲသို့ စောစောကမွှေထားသော ဆော့စ်အရည်များ လောင်းထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ပဲငံပြာရည်သော်လည်းကောင်း၊ သကြားသော်လည်းကောင်း အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

အရသာအစပ်အဟပ် တည့်သွားပြီဆိုရင်တော့ ဆွေမျိုးမေ့သွားစေမယ့် ဟင်းရွက်စုံ တို့ဖူးသုပ်လေး ရရှိသွားပါပြီ။

Source : Thewoksoflife.com