အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဝက်နံရိုးနဲ့ ရေမုန်ညှင်းစွပ်ပြုတ်လေး ချက်စားရအောင်ပါ။
ခံတွင်းလည်းမြိန်စေပြီး အရသာလည်းရှိတာကြောင့် စာဖတ်သူတို့ သဘောကျမယ်လို့ ယုံကြည်ပါတယ်နော်။
ပါဝင်ပစ္စည်း
- ဝက်နံရိုး
- ဂျင်း ၅ ပြား
- ရေ ၈ ခွက်
- ရေမုန်ညှင်း ၁ စည်း
- ဆားအနည်းငယ်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
- ပဲငံပြာရည်အနည်းငယ်
ပြုလုပ်နည်း
အရင်ဆံး ဝက်နံရိုးကို ၂ လက်မ ၃ လက်မခန့်လှီးပေးပြီး ရေ ၆ ခွက်နဲ့ ပြုတ်လိုက်ပါ။ ရေဆူလာပြီဆိုရင်တော့ မီးကို ပိတ်လိုက်ပါ။ အဲဒီနောက် ဝက်နံရိုးကို ရေဆေးလိုက်ပါ။
ဂျင်းကို အပြားရိုက်ပါ။ ရေ ၈ ခွက်ကို အိုးအသန့်ထဲထည့်လိုက်ပါ။ ဝက်နံရိုးကိုထည့်၊ ဂျင်းကိုထည့်လိုက်ပြီး ဆူအောင်တည်လိုက်ပါ။ ဆူလာရင်မီးအပူကိုလျှော့လိုက်ပါ။ မိနစ် ၉၀ လောက်ထားပြီးရင်တော့ ဝက်နံရိုးနူးလောက်ပါပြီနော်။
ဒါဆိုရင် ရေမုန်ညှင်းကိုချွေ၊ ရေသေချာဆေးလိုက်ပြီး ထည့်ပေးလိုက်ပါ။
အဲဒီနောက် တခြားကျန်တဲ့ ဟင်းခတ်အမွှေးအကြိုင်၊ အရသာတွေထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။
ဒါဆိုရင်တော့ သုံးဆောင်လို့ရပါပြီနော်။
Source: www.thewoksoflife.com
By: MyFood Myanmar