(Unicode)

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ တရုတ်ရိုးရာမုန့်လေးဖြစ်တဲ့ ကြက်ဥအစာသွပ် ဖက်ထုပ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဖက်ထုပ်ကြော်ရန် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် ၃၀၀ ဂရမ်
  • ရေ ၁၆၀ မီလီလီတာ
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်နှင့် သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

ဖက်ထုပ်အစာသွပ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • လတ်ဆတ်သော ကြက်သွန်မြိတ် ၂၅၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ကြက်ဥ ၄ လုံး
  • ပုစွန်ခြောက် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့်၊ ဆား အနည်းငယ်နှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ကြက်ဥများကို မွှေခလောက်ပေးလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း တစ်ဝက်တစ်ဇွန်းထည့်ကာ ဆီပူလာပါက ကြက်ဥထည့်ကြော်လိုက်ပါ။ ရလာတဲ့ ကြက်ဥကို ခပ်ပါးပါးလှီးပေးလိုက်ပါ။

၂။ ဇလုံအကြီးတစ်လုံးထဲတွင် ကြက်ဥကြော်ထည့်လိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်၊ ပုစွန်ခြောက်၊ ဆား၊ နှမ်းဆီနှင့် ပဲငံပြာရည်တို့ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

၃။ ဇလုံတစ်လုံးထဲတွင် ဂျုံမှုန့်ထည့်လိုက်ပါ။ ထို့နောက် ရေအနည်းငယ်ကို ဂျုံထဲသို့ လောင်းထည့်ပြီး နယ်ပေးလိုက်ပါ။ ဂျုံအမှုန့်များ ကုန်သွားတဲ့အထိ ရေနည်းနည်းချင်းစီလောင်းထည့်ပြီး ဂျုံအနှစ်များဖြစ်အောင် နယ်ပေးလိုက်ပါ။

၄။ ဂျုံအလုံးကို ပုံပါအတိုင်း ကွင်းအဝိုင်းဖြစ်အောင် လှိမ့်ပေးလိုက်ပါ။ ထို့နောက် ၂ လက်မအရှည်ခန့် လှီးဖြတ်ပြီးနောက် ဂျုံတုံး တစ်တုံးချင်းစီကို စက်ဝိုင်းပုံသဏ္ဍာန် ဖြန့်ကျက်ပြီးနောက် အလယ်တည့်တည့်တွင် ကြက်ဥအစာသွပ်များထည့်ကာ ပုံပါအတိုင်း လိပ်ပေးလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ဖက်ထုပ်များ ထည့်ကြော်ပေးလိုက်ပါ။ ဖက်ထုပ်နှစ်ခြမ်းစလုံးကို ကြော်ပေးလိုက်ပါ။ ဖက်ထုပ်များ ရွှေညိုရောင်ပြောင်းသွားပါက ပန်းကန်ပြားထဲ ဆယ်ထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥအစာသွပ် ဖက်ထုပ်ကြော်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ တရုတ္ရိုးရာမုန္႔ေလးျဖစ္တဲ့ ၾကက္ဥအစာသြပ္ ဖက္ထုပ္ေၾကာ္ ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ဖက္ထုပ္ေၾကာ္ရန္ ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း
  • ဂ်ံဳမႈန္႔ ၃၀၀ ဂရမ္
  • ေရ ၁၆၀ မီလီလီတာ
  • ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
  • ဆားအနည္းငယ္ႏွင့္ သၾကား စားပြဲတင္ဇြန္း ၂ ဇြန္း

ဖက္ထုပ္အစာသြပ္ျပဳလုပ္ရန္ လိုအပ္ေသာ ပါဝင္ပစၥည္းမ်ား

  • လတ္ဆတ္ေသာ ၾကက္သြန္ၿမိတ္ ၂၅၀ ဂရမ္ (ပါးပါးလွီးထားပါ)
  • ၾကက္ဥ ၄ လံုး
  • ပုစြန္ေျခာက္ စားပြဲတင္ဇြန္း ၂ ဇြန္း
  • ငရုတ္ေကာင္းမႈန္႔၊ ဆား အနည္းငယ္ႏွင့္ ႏွမ္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
  • ပဲငံျပာရည္အၾကည္ စားပြဲတင္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ပန္းကန္လံုးအေသးတစ္လံုးထဲတြင္ ၾကက္ဥမ်ားကို ေမႊခေလာက္ေပးလိုက္ပါ။ ဒယ္အိုးကို အပူေပးၿပီး ဆီ စားပြဲတင္ဇြန္း တစ္ဝက္တစ္ဇြန္းထည့္ကာ ဆီပူလာပါက ၾကက္ဥထည့္ေၾကာ္လိုက္ပါ။ ရလာတဲ့ ၾကက္ဥကို ခပ္ပါးပါးလွီးေပးလိုက္ပါ။

၂။ ဇလံုအႀကီးတစ္လံုးထဲတြင္ ၾကက္ဥေၾကာ္ထည့္လိုက္ပါ။ ထို႔ေနာက္ ၾကက္သြန္ၿမိတ္၊ ပုစြန္ေျခာက္၊ ဆား၊ ႏွမ္းဆီႏွင့္ ပဲငံျပာရည္တို႔ထည့္ၿပီး သမေအာင္ ေရာေမႊေပးလို္က္ပါ။

၃။ ဇလံုတစ္လံုးထဲတြင္ ဂ်ံဳမႈန္႔ထည့္လိုက္ပါ။ ထို႔ေနာက္ ေရအနည္းငယ္ကို ဂ်ံဳထဲသို႔ ေလာင္းထည့္ၿပီး နယ္ေပးလိုက္ပါ။ ဂ်ံဳအမႈန္႔မ်ား ကုန္သြားတဲ့အထိ ေရနည္းနည္းခ်င္းစီေလာင္းထည့္ၿပီး ဂ်ံဳအႏွစ္မ်ားျဖစ္ေအာင္ နယ္ေပးလိုက္ပါ။

၄။ ဂ်ံဳအလံုးကို ပံုပါအတိိုင္း ကြင္းအဝိုင္းျဖစ္ေအာင္ လွိမ့္ေပးလိုက္ပါ။ ထို႔ေနာက္ ၂ လက္မအရွည္ခန္႔ လွီးျဖတ္ၿပီးေနာက္ ဂ်ံဳတံုး တစ္တံုးခ်င္းစီကို စက္ဝိုင္းပံုသ႑ာန္ ျဖန္႔က်က္ၿပီးေနာက္ အလယ္တည့္တည့္တြင္ ၾကက္ဥအစာသြပ္မ်ားထည့္ကာ ပံုပါအတိုင္း လိပ္ေပးလိုက္ပါ။

၅။ ဒယ္အိုးကို အပူေပးၿပီး စားပြဲတင္ဇြန္း ၂ ဇြန္းထည့္ပါ။ ဆီပူလာပါက ဖက္ထုပ္မ်ား ထည့္ေၾကာ္ေပးလိုက္ပါ။ ဖက္ထုပ္ႏွစ္ျခမ္းစလံုးကို ေၾကာ္ေပးလိုက္ပါ။ ဖက္ထုပ္မ်ား ေရႊညိဳေရာင္ေျပာင္းသြားပါက ပန္းကန္ျပားထဲ ဆယ္ထည့္လိုက္ပါ။

ဒါဆိုရင္ေတာ့ အရသာရွိတဲ့ ၾကက္ဥအစာသြပ္ ဖက္ထုပ္ေၾကာ္ေလး ရရွိသြားပါၿပီ။

Source: Chinasichuanfood.com