အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချောကလက် အင်မတန်ကြိုက်နှစ်သက်သူတွေအတွက် ချောကလက် ငှက်ပျောသီးမြေပဲ ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ မိမိအိမ်မှာပဲ အလွယ်တကူပြုလုပ်လို့ရတဲ့ အချိုပွဲလေးဖြစ်တာကြောင့် မိမိအားလပ်ချိန်မှာ စိတ်ပြေလက်ပျောက် မုန့်လုပ်စားကြည့်လိုက်ကြနော်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီးမှည့် တစ်လုံး

  • ချောကလက် ၅ အောင်စ
  • အုန်းဆီ (သို့) ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

Photo Source :  www.whitleyspeanut.com

  • မြေပဲ ပန်းကန်လုံး လေးပုံတစ်ပုံခန့်

ပြုလုပ်နည်းအဆင့်ဆင့်

ငှက်ပျောသီးကို အခွံခွာပြီး အတုံး အဝိုင်းလေးတွေ တုံးထားလိုက်ပါ။ ငှက်ပျောသီးတုံးများကို ရေခဲသေတ္တာထဲမှာ တစ်နာရီခန့်ထည့်ထားလိုက်ပါ။ ဒါမှ ချောကလက်ပျော်ရည်ထဲနှစ်ရင် အဆင်ပြေမှာပါ။

ချောကလက်တောင့်များကို အရည်ပျော်အောင် Microwave ထဲ ထည့်ထားလို့လည်း ရသလို Double Boiler လေးနဲ့ တည်ထားလို့လည်း ရပါတယ်။ ချောကလက်တွေ အရည်ကောင်းကောင်းပျော် မပျော်ဆိုတာကိုလည်း မကြာခဏ စစ်ဆေးဖို့လိုပါမယ်။ ပြီးရင် အုန်းဆီ (သို့) ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပြီး ထပ်ကြိုပေးရပါမယ်။

ရရှိလာသော ချောကလက်အနှစ်များကို ပန်းကန်လုံးလေးထဲထည့်ပါ။ ငှက်ပျောသီးအတုံးများကို ချောကလက်ထဲထည့်နှစ်လိုက်ပါ။ ချောကလက်ရည်များ တစ်စက်စက် မကျတဲ့အချိန်အထိ စောင့်ပြီးမှ ပန်းကန်ပြားထဲထည့်ပါ။ ပန်းကန်ပြားထဲမထည့်ခင် ပန်းကန်ပြားပေါ်မှာ ဖယောင်းစက္ကူလေးကပ်ထားရပါမယ်။ နို့မဟုတ်ရင်တော့ ချောကလက်ခြောက်သွားတဲ့အခါ ချောကလက်လုံးများ  ပန်းကန်ပြားပေါ်မှာ ကပ်သွားပြီးတော့ ခွာရခက်သွားပါလိမ့်မယ်။ ငှက်ပျောသီးအတုံးကို ချောကလက်နှစ်ပြီးတဲ့အခါမှာတော့ ပန်းကန်ပြားထဲထည့်ကာ မြေပဲလေးတွေ ဖြူးလိုက်ပါ။

ထို့နောက် ရေခဲသေတ္တာထဲမှာ ၃ နာရီကြာ ထည့်ထားပါ။ အချိန်ပြည့်သွားပြီဆိုရင်တော့ အရသာရှိတဲ့ အချိုပွဲတစ်ခုဖြစ်တဲ့ ချောကလက် ငှက်ပျောသီးမြေပဲကို သုံးဆောင်နိုင်ပါပြီ။

Source: www.mydeliciousmeals.com