[Unicode]

ချောကလက်ကြိုက်ရင်တော့ Peanut Butter ကိုလည်း အကြိုက်တွေ့မှာ သေချာပါတယ်။ ဒါကြောင့် ချောကလက်နဲ့ Peanut Butter ကိုပေါင်းစပ်ပြီး အရသာရှိတဲ့ကိတ်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ အရသာကတော့ ချိုချိုလေးနဲ့ အီစိမ့်နေမှာပါ။ အချိုကြိုက်တဲ့သူတွေအတွက်တော့ ဒီကိတ်လေးက အရမ်းမိုက်ပါတယ်။

ပထမဆုံးအနေနဲ့ Milk Chocolate – ခွက် ၂ ခွက်စာကို အရည်ပျော်အောင်လုပ်ပေးရပါမယ်။ Microwave ထဲထည့်ပြီး အရည်ပျော်အောင်လုပ်လို့လည်း ရသလို၊ အပူပေးလို့လည်း ရပါတယ်။ ပြီးရင်တော့ သင်ပြုလုပ်ချင်တဲ့ ပုံစံခွက်ထဲကို အရည်ပျော်သွားတဲ့ ချောကလက်တစ်ဝက်စာကိုလည်းပြီး ပုံမှာပြထားတဲ့အတိုင်း လိုက်ညှိပေးပါ။ ပြီးတာနဲ့ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။

Peanut Butter – ခွက် ၂ ခွက်စာကို ပန်းကန်လုံးအကြီးထဲထည့်ပြီး Powder Sugar – ခွက် ၂ ခွက်စာထည့်ပါ။ ထောပတ် – ခွက်တစ်ဝက်စာထည့်ပြီး နယ်ပေးပါ။ နယ်ပြီးတာနဲ့ ခုနကပုံစံခွက်ထဲကိုထည့်ပြီး လိုက်ညှိပေးပါ။ ပြီးတာနဲ့ အပေါ်ကနေ ခုနကတစ်ဝက်ကျန်တဲ့ အရည်ပျော်နေတဲ့ချောကလက်တွေကို အကုန်ထည့်ပြီး လိုက်ညှိပေးပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ ၁ နာရီ လောက် ထည့်ထားလိုက်ပါ။

ရေခဲသေတ္တာထဲကထုတ်တာနဲ့ ပုံစံခွက်ထဲကထုတ်ပြီး ဓားနဲ့လှီးကာ အသင့်စားသုံးနိုင်ပါပြီ။

Photo Source: www.tasty.com

[Zawgyi]

ေခ်ာကလက္ႀကိဳက္ရင္ေတာ့ Peanut Butter ကိုလည္း အႀကိဳက္ေတြ႔မွာ ေသခ်ာပါတယ္။ ဒါေၾကာင့္ ေခ်ာကလက္နဲ႔ Peanut Butter ကိုေပါင္းစပ္ၿပီး အရသာရွိတဲ့ကိတ္ျပဳလုပ္နည္းကို မွ်ေဝေပးလိုက္ပါတယ္။ အရသာကေတာ့ ခ်ိဳခ်ိဳေလးနဲ႔ အီစိမ့္ေနမွာပါ။ အခ်ိဳႀကိဳက္တဲ့သူေတြအတြက္ေတာ့ ဒီကိတ္ေလးက အရမ္းမိုက္ပါတယ္။

ပထမဆံုးအေနနဲ႔ Milk Chocolate – ခြက္ ၂ ခြက္စာကို အရည္ေပ်ာ္ေအာင္လုပ္ေပးရပါမယ္။ Microwave ထဲထည့္ၿပီး အရည္ေပ်ာ္ေအာင္လုပ္လို႔လည္း ရသလို၊ အပူေပးလို႔လည္း ရပါတယ္။ ၿပီးရင္ေတာ့ သင္ျပဳလုပ္ခ်င္တဲ့ ပံုစံခြက္ထဲကို အရည္ေပ်ာ္သြားတဲ့ ေခ်ာကလက္တစ္ဝက္စာကိုလည္းၿပီး ပံုမွာျပထားတဲ့အတိုင္း လုိက္ညွိေပးပါ။ ၿပီးတာနဲ႔ ေရခဲေသတၱာထဲ ထည့္ထားလိုက္ပါ။

Peanut Butter – ခြက္ ၂ ခြက္စာကို ပန္းကန္လံုးအႀကီးထဲထည့္ၿပီး Powder Sugar – ခြက္ ၂ ခြက္စာထည့္ပါ။ ေထာပတ္ – ခြက္တစ္ဝက္စာထည့္ၿပီး နယ္ေပးပါ။ နယ္ၿပီးတာနဲ႔ ခုနကပံုစံခြက္ထဲကိုထည့္ၿပီး လိုက္ညွိေပးပါ။ ၿပီးတာနဲ႔ အေပၚကေန ခုနကတစ္ဝက္က်န္တဲ့ အရည္ေပ်ာ္ေနတဲ့ေခ်ာကလက္ေတြကို အကုန္ထည့္ၿပီး လိုက္ညွိေပးပါ။ ၿပီးရင္ေတာ့ ေရခဲေသတၱာထဲမွာ ၁ နာရီ ေလာက္ ထည့္ထားလိုက္ပါ။

ေရခဲေသတၱာထဲကထုတ္တာနဲ႔ ပံုစံခြက္ထဲကထုတ္ၿပီး ဓားနဲ႔လွီးကာ အသင့္စားသံုးႏိုင္ပါၿပီ။

Photo Source: www.tasty.com