အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ပြုလုပ်နည်းလေးကတော့ ချောကလက် ထောပတ်သီး Smoothie လေးပဲဖြစ်ပါတယ်။ ဒီဖျော်ရည်လေးဟာဆိုရင် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အချိုပွဲလေးပဲဖြစ်ပါတယ်။ ဖျော်ရည်လိုလည်း သောက်လို့ရသလို၊ ပူတင်းလိုလည်းစားလို့ရတဲ့ ချောကလက် ထောပတ်သီး Smoothie လေးဟာ ပြင်ဆင်ရတာလည်း လွယ်ကူတဲ့အတွက်ကြောင့် အလုပ်ရှုပ်မခံချင်တဲ့သူတွေအတွက် ကွက်တိသွားကျမယ့်ဖျော်ရည်တစ်မျိုးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ်သီး ၈၅ ဂရမ်

  • ချောကလက်မုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငှက်ပျောသီး ၁၂၀ ဂရမ်

  • ဒိန်ချဉ် ပန်းကန်လုံး လေးပုံတစ်ပုံခန့်
  • နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်းမှ ၄ ဇွန် အထိ

ပြုလုပ်နည်းအမျိုးမျိုး

ပါဝင်ပစ္စည်းများ အားလုံးကို သစ်သီးဖျော်စက်ထဲထည့်ပြီး မွှေပေးလိုက်ပါ။ တကယ်လို့ ခပ်ပျစ်ပျစ်လေးလိုချင်တယ်ဆိုရင်တော့ နွားနို့များများထပ်ထည့်ပေးလိုက်ပါ။

ပြီးတဲ့အခါ ဖန်ခွက်လေးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်ရက်လောက်အအေးခံထားလိုက်မယ်ဆိုရင်တော့ အချိုကြိုက်နှစ်သက်သူတွေအတွက်ရော၊ ချောကလက်ကြိုက်နှစ်သက်သူတွေပါ အကြိုက်တွေ့စေမယ့် ချောကလက် ထောပတ်သီး Smoothie လေးရရှိသွားပါလိမ့်မယ်။

Source: www.texanerin.com