အားလုံးပဲ မင်္ဂလာပါ။ ကိတ်မုန့်အချိုပွဲ ကြိုက်နှစ်သက်ကြသူများအတွက် ဒီတစ်ခါမှာတော့ ချောကလက် ငှက်ပျောသီးကိတ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၂ လုံး
  • သကြား စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ဆီ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ဂျုံမှုန့် ၂၆၂ ဂရမ်
  • ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း

  • သစ်ကြားသီး စားပွဲတင်ဇွန်း ၄ ဇွန်း (အနည်းငယ် ချေထားပါ)
  • ချောကလက် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သစ်သီးဖျော်စက်ထဲတွင် ငှက်ပျောသီး ၂ လုံးနှင့် သကြား စားပွဲတင်ဇွန်း ၁၂ ဇွန်းတို့ကို အနှစ်များဖြစ်သွားအောင် မွှေဖျော်ပေးလိုက်ပါ။

၂။ ရရှိလာတဲ့ ငှက်ပျောသီးအနှစ်ကို ပန်းကန်လုံးအကြီးတစ်လုံးထဲ ထည့်လိုက်ပါ။ ထို့နောက် ဆီ၊ ဗနီလာနှင့် ရှာလကာရည်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၃။ ဆန်ခါပေါက်တစ်ခုခံကာ ထိုဆန်ခါပေါက်ထဲသို့ ဂျုံမှုန့်၊ ကိုးကိုးမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ မုန့်ဖုတ်ဆိုဒါနှင့် ဆားတို့ထည့်ကာ ငှက်ပျောသီးပန်းကန်လုံးထဲသို့ ဆန်ခါစစ်ထည့်ပါ။ ထို့နောက် အခဲများ မကျန်တော့သည်အထိ သမအောင် ရောမွှေပါ။

၄။ ရေ စားပွဲတင်ဇွန်း ၈ ဇွန်း ထပ်ပေါင်းထည့်ကာ သမအောင် ထပ်နယ်ပါ။ ထို့နောက် သစ်ကြားသီး ပေါင်းထည့်ကာ သမအောင် ရောနယ်ပါ။

၅။ ကိတ်မုန့်ဖုတ်မယ့် လင်ဗန်းကို ဆီအနည်းငယ် သုတ်လိမ်းထားပြီးနောက် ဆီစုပ်စက္ကူ ခံထားပါ။

ထို့နောက် စောစောကနယ်ထားသော ချောကလက် ငှက်ပျောသီးအနှစ်များကို အိုးထဲသို့ လောင်းထည့်ပါ။ ချောကလက်လုံး အနည်းငယ်ကို ထိုမုန့်နှစ်ရဲ့ မျက်နှာပြင်ပေါ်တွင် ဖြူးထည့်လိုက်ပါ။

ထို့နောက် ၁၈၀ ဒီဂရီဆဲလ်ဆီးယပ်စ် (သို့) ၃၆၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲတွင် မိနစ် ၄၀ ခန့် အပူပေးကာ ဖုတ်လိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာလည်းရှိ အနံ့လည်း မွှေးတဲ့ ချောကလက် ငှက်ပျောသီးကိတ်လေး ရရှိသွားပါပြီ။

Source: Hebbarskitchen.com