အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကလေးရော လူကြီးပါ ကြိုက်နှစ်သက်ကြတဲ့ ချောကလက် Muffins ကိတ်မုန့်ဝိုင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၂၄၀ ဂရမ်
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ထောပတ် ၁ ခဲ (၁၁၃ ဂရမ်၊ ထောပတ်ကို အရည်ဖျော်ထားပါ)
  • သကြားဖြူ စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် သကြားညို စားပွဲတင်ဇွန်း ၈ ဇွန်း

  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၂ လုံး
  • Sour Cream စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ချောကလက်လုံးလေးများ ၁၁၅ ဂရမ် (အလှဆင်ရန် စားပွဲတင်ဇွန်း ၃ ဇွန်း ပိုထည့်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ကိတ်မုန့်ဝိုင်း ပြုလုပ်သည့် ပုံစံခွက်ငယ်လေးများကို ထောပတ်သုတ်လိမ်းထားပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂျုံမှုန့်၊ မုန့်ဖုတ်ဆိုဒါ၊ မုန့်ဖုတ်ပေါင်ဒါနှင့် ဆားတို့ထည့်ကာ သမအောင် ရောမွှေထားပါ။

၃။ အခြားပန်းကန်လုံးထဲတွင် အရည်ပျော်ပြီးသား ထောပတ်၊ သကြားဖြူနှင့် သကြားညို၊ ကြက်ဥ၊ ဗနီလာတို့ကို သမအောင် မွှေခလောက်ထားလိုက်ပါ။

၄။ Sour Cream ထည့်ကာ သမအောင် ထပ်မွှေပါ။

၅။ ထို့နောက် ဂျုံမှုန့်အရောအနှောများ လောင်းထည့်ကာ သမအောင် နယ်ပါ။

၆။ နောက်ဆုံးတစ်ခေါက်အနေနဲ့ ချောကလက်လုံးများထည့်ကာ သမအောင် နယ်လိုက်ပါ။

၇။ ထို့နောက် ကိတ်မုန့်ဖုတ်မယ့် ပုံစံခွက်ငယ်ထဲသို့ မုန့်နှစ်များ အညီအမျှ ခွဲထည့်လိုက်ပါ။ ထို့နောက် အလှဆင်ဖို့ရန်အတွက် ချောကလက် စားပွဲတင်ဇွန်း ၃ ဇွန်းကိုပါ အညီအမျှ ခွဲထည့်ပါ။

၈။ ပြီးရင်တော့ Oven ထဲမှာ ၁၈ မိနစ်မှ မိနစ် ၂၀ ခန့်အထိ ထည့်ဖုတ်ပေးရပါမယ်။

၉။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ စားချင်စဖွယ်ကောင်းတဲ့ ချောကလက် Muffins လေးများ ရရှိသွားပါပြီ။

Source: Onceuponachef.com