အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားပြီးတဲ့အခါ အချိုပွဲအနေနဲ့ တည်ခင်းစားသုံးနိုင်ဖို့အတွက် ဒီတစ်ခါမှာတော့ ချောကလက်ပန်ကိတ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၂၅၀ ဂရမ်
  • မုန့်ဖုတ်ပေါင်ဒါ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်ဥ ၂ လုံး

  • နွားနို့ ၅၀၀ မီလီလီတာ
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ချောကလက် အနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံအကြီးတစ်လုံးထဲတွင် ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ဆားနဲ့ သကြားတို့ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။

၂။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥနှင့် နွားနို့တို့ကို မွှေခလောက်လိုက်ပါ။ အရည်ပျော်နေသော ထောပတ်တို့ ထပ်ထည့်ပြီး ထပ်မံမွှေခလောက်လိုက်ပါ။

၃။ ရရှိလာတဲ့ပျော်ရည်များကို စောစောရောနယ်ထားသော ဂျုံမှုန့်အရောအနှောထဲသို့ လောင်းထည့်ကာ ထပ်မံမွှေခလောက်ပေးရပါမယ်။

၄။ ချောကလက်အကြေအစများကို ထိုဇလုံထဲ ထပ်ထည့်ပြီး မွှေပေးလိုက်ပါ။

၅။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ကာ အပူပေးလိုက်ပါ။ ထိုဆီပူထဲသို့ စောစောက ချောကလက်မုန့်နှစ်များထည့်ကာ ကြော်ပေးလိုက်ပါ။ ပန်ကိတ်ပြား ရွှေညိုရောင်ပြောင်းသွားပါက အခြားတစ်ဖက်သို့ လှန်ပြီး ဆက်ကြော်ပေးရပါမယ်။

မုန့်နှစ်များ ကုန်သွားတဲ့အထိ ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ချောကလက်ပန်ကိတ်များကို သူ့ချည်းပဲ စားသုံးလို့လည်း ရသလို ပျားရည်ဆမ်းပြီးလည်း စားသုံးနိုင်ပါသေးတယ်။

Source: thespruceeats.com