အားလုံးပဲ မင်္ဂလာပါ။ ချောကလက် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အရသာချိုဆိမ့်လေးနဲ့ စားလို့ကောင်းတဲ့ ချောကလက်ပန်ကိတ် အချိုပွဲ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၁၈၀ ဂရမ်
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • မုန့်ဖုတ်ပေါင်ဒါ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ကြက်ဥ ၄ လုံး
  • နွားနို့ ၅၀၀ မီလီလီတာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • အရည်ဖျော်ထားသော ထောပတ် ၁၂၅ မီလီလီတာ (စားပွဲတင်ဇွန်း ၈ ဇွန်း)
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ချောကလက်လုံး အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးမတူးသော ဒယ်အိုးကို ကြိုတင်အပူပေးထားပါ။

၂။ ပန်းကန်လုံး အကြီးတစ်လုံးထဲတွင် ဂျုံမှုန့်၊ သကြား၊ သစ်ကြမ်းပိုးခေါက်အမှုန့်၊ မုန့်ဖုတ်ပေါင်ဒါနှင့် ဆားတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးတွင် ကြက်ဥ ၄ လုံးကို မွှေခလောက်ပြီးနောက် နွားနို့၊ ထောပတ်၊ ဗနီလာတို့ ပေါင်းထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ ထို့နောက် ကြက်ဥပန်းကန်ထဲသို့ ဂျုံမှုန့် အရောအနှောများ လောင်းထည့်ကာ မုန့်နှစ်များ ရသွားသည်အထိ ရောမွှေလိုက်ပါ။

၅။ ချောကလက်လုံးများကို နောက်ဆုံးမှ ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၆။ ရရှိလာတဲ့ မုန့်နှစ်ကို ယောင်းမဇွန်းကြီး တစ်ဇွန်းစာခန့် ခပ်ယူပြီးနောက် ဒယ်အိုးထဲသို့ လောင်းထည့်လိုက်ပါ။ (ပန်ကိတ်ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်ကို စာဖတ်သူတို့စိတ်ကြိုက် ပုံဖော်နိုင်ပါတယ်။)

၇။ ပန်ကိတ်မျက်နှာပြင်က ပူစီဖောင်းလေးများ ပလုံစီ ထလာပြီဆိုရင်တော့ အခြားတစ်ဖက်သို့ လှန်ကာ တစ်မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

ကြော်ပြီးသွားတဲ့အခါ ပန်းကန်ပြားထဲသို့ ခပ်ထည့်ထားလိုက်ပါ။

ကျန်ရှိနေသော မုန့်နှစ်များ ကုန်သွားသည်အထိ ဆက်ကြော်ပေးလိုက်ပါ။

၈။ ဒါဆိုရင်တော့ ချောကလက် ပန်ကိတ်လေး ရရှိသွားပါပြီ။ ပျားရည် (သို့) သကြားရည် ဆမ်းထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Lilluna.com