အားလုံးပဲ မင်္ဂလာပါ။ ချောကလက်ကြိုက်နှစ်သက်သူများအတွက် ချောကလက်လုံးလေးများကို မိမိဘာသာအိမ်မှာပဲ ပြုလုပ်နိုင်မယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ ချောကလက်လုံး ပြုလုပ်ရမယ့် လိုအပ်တဲ့ပစ္စည်းတွေက လေးမျိုးပဲလိုအပ်ပြီး အလွယ်တကူလည်း ရှာဝယ်လို့ရပါတယ်။

ဒါ့ကြောင့် အစားအသောက်ပြုလုပ်ရတာ ကြိုက်နှစ်သက်တဲ့ ကမ္ဘာကျော်စားဖိုမှူးအလောင်းအလျာလေးများလည်း ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်းများ

Photo Source: www.gourmetfoodworld.com

  • အုန်သီးအဖတ်လေးများ ပန်းကန်လုံး ၁ လုံးခန့်
  • အုန်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • အုန်းနို့ စားပွဲတင်ဇွန်း ၃ ဇွန်း

  • ချောကလက် ၃ အောင်စခွဲခန့်

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်လုံးတစ်လုံးထဲမှာ အုန်သီးဖတ်၊ အုန်းနို့နဲ့ အုန်းဆီများထည့်ပြီး ဇွန်းလေးနဲ့ သမအောင် သေချာနယ်ပေးလိုက်ပါ။

အုန်းသီးဖတ်များကို လက်ဖဝါးလေးနဲ့ပဲ လုံးပေးလိုက်ပါ။ ထို့နောက် အုန်းသီးလုံးများကို စဉ့်နီတုံးပေါ် တင်ထားလိုက်ပါ။ သတိထားရမယ့်တစ်ချက်ကတော့ စဉ့်နီတုံးကို ဖယောင်းစက္ကူ၊ ဒါမှမဟုတ် ခဲဖတ်လေးခံထားပေးရပါမယ်။ ခဲဖတ် (သို့) ဖယောင်းစက္ကူမခံထားရင် အုန်သီးလုံးများက စဉ့်နီတုံးနဲ့ ကပ်သွားနိုင်လို့ပါပဲ။ ထို့နောက် အုန်းသီးလုံးတင်ထားသော စဉ့်နီတုံးကို ရေခဲသေတ္တာထဲမှာ မိနစ် ၂၀ ခန့် အအေးခံထားပါ။

ချောကလက်ခဲများကို အနှစ်လေးများဖြစ်သွားအောင် အပူပေးလိုက်ပါ။ ပြီးတဲ့အခါ ခွက်တစ်လုံးထဲသို့ ချောကလက်အနှစ်များ ပြောင်းထည့်လိုက်ပါ။

ထို့နောက် ဇွန်းတစ်ချောင်းအသုံးပြုပြီး အုန်းသီးလုံးများကို ချောကလက်အရည်ထဲသို့ နှစ်လိုက်ပါ။ ပြီးတဲ့အခါ စဉ့်နီတုံးပေါ်သို့ ပြန်တင်ထားပြီး ရေခဲသေတ္တာထဲမှာ ခဲသွားတဲ့အထိ အအေးခံလိုက်ပါ။

စားခါနီးကျမှ ပန်းကန်ပြားလေးထဲမှာ အစီအရီထည့်ထားပြီး အရသာရှိရှိသုံးဆောင်နိုင်ပါတယ်။

Source: www.mydeliciousmeals.com