အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထမင်းစားပြီးတဲ့အခါ အချိုပွဲ သုံးဆောင်တတ်သူတွေအတွက် သစ်သီးများနဲ့ တွဲဖက်စားသုံးနိုင်တဲ့ ချောကလက်အနှစ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ချောကလက်အနှစ်ကို သစ်သီးနဲ့ပဲ တွဲစားနိုင်သလို ရေခဲမုန့်အနေနဲ့ စားသုံးနိုင်တာကလည်း သူ့ရဲ့အားသာချက်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ချောကလက်ခဲ ၁၅၀ ဂရမ်နှင့် အပေါ်မှ ဖြူးရန် ချောကလက်အမှုန်များ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရင်မ် ချိစ် ၈ အောင်စ
  • သကြား ၁၀၀ ဂရမ်
  • သစ်ခွရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Heavy Cream ၂၄၀ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ချောကလက်ခဲများ ထည့်ပြီး ချောကလက်အရည်ပျော်သွားဖို့ရန်အတွက် Microwave ထဲမှာ စက္ကန့် ၃၀ ခန့် ထည့်ထားလိုက်ပါ။

၂။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ခရင်မ် ချိစ်၊ သကြားနဲ့ သစ်ခွရည်တို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။

၃။ ချောကလက်ရည်များကို ခရင်မ် ချိစ် ပန်းကန်လုံးထဲ ရောထည့်ပြီးနောက် သမအောင် ခပ်ပြင်းပြင်းလေး မွှေပေးလိုက်ပါ။

၄။ ထိုချောကလက်ပန်းကန်လုံးထဲသို့ Heavy Cream များ ထည့်ပြီး သမအောင် ထပ်မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ ချိုမြိန်တဲ့အရသာအတိပြီးတဲ့ ချောကလက်အနှစ်လေး ရရှိလာပါပြီ။ ရရှိလာတဲ့ ချောကလက်အနှစ်ကို လတ်ဆတ်တဲ့သစ်သီးများနဲ့ တွဲဖက်စားသုံးနိုင်သလို ရေခဲသေတ္တာထဲ အအေးခံပြီးတဲ့အခါမှာလည်း ချောကလက်ရေခဲမုန့်အဖြစ် သုံးဆောင်နိုင်ပါသေးတယ်။

Source: dinneratthezoo.com