အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အချိုပွဲလေးကတော့ ကိတ်မုန့်အထဲမှာ ချောကလက်ရည်လေးများ ပြည့်နေတဲ့ ချောကလက်ကိတ် ပြုလုပ်နည်းပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
- ချောကလက် ၆၀ ဂရမ်
- ကြက်ဥ ၁ လုံး
- သကြား စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆားအနည်းငယ်
- ဂျုံမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ Oven ကို ၄၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။
၂။ မိုက်ခရိုဝေ့ဖ်ထဲ ထည့်ထားနိုင်တဲ့ အပူဒဏ်ခံ ပန်းကန်လုံးထဲတွင် ထောပတ်နှင့် ချောကလက်များ ထည့်ကာ အပူချိန်ပြင်းပြင်းဖြင့် ၄၅ စက္ကန့်ခန့် ထည့်ကာ အပူပေးပါ။ သတ်မှတ်ချိန်ပြည့်ပါက မိုက်ခရိုဝေ့ဖ်ထဲက ထုတ်လိုက်ပြီး သမအောင် မွှေပေးလိုက်ပါ။
၃။ ကြက်ဥကို မွှေခလောက်ပြီးနောက် သကြား၊ ဆားတို့ထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ သမအောင် မွှေပေးလိုက်ပါ။
၄။ ကြက်ဥကို ချောကလက်ရည်ဖြင့် ရောနှောလိုက်ပါ။
၅။ ဂျုံမှုန့် ထည့်ပြီး သမအောင် ထပ်မွှေပေးလိုက်ပါ။
၆။ ကိတ်မုန့်အသေးဖုတ်မယ့် ပုံစံခွက် နှစ်ခွက်ကို စက္ကူခွက်လေး ခံထားလိုက်ပါ။ ထို့နောက် ဆီဖြင့် သုတ်လိမ်းပေးလိုက်ပါ။ ပြီးရင်တော့ စောစောက ချောကလက်ရည်များကို ဇွန်းဖြင့် အသာအယာ လောင်းထည့်လိုက်ပါ။
Oven ထဲထည့်ကာ ၁၀ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။
၇။ သတ်မှတ်ချိန်ပြည့်ပါက Oven ထဲကထုတ်ကာ ၁၀ မိနစ်ခန့် အအေးခံထားလိုက်ပါ။ ထို့နောက် စက္ကူခွက်ကို ဖယ်ရှားကာ သစ်သီးများဖြင့် အလှဆင်လိုက်ပါ။
ဒါဆိုရင်တော့ ချောကလက်ရည်လေးများ ပြည့်နေတဲ့ ချောကလက်ကိတ်လေး ရရှိသွားပါပြီ။
Source: Thespruceeats.com