ချောကလက်ဆိုတဲ့အသံ ကြားလိုက်တာနဲ့ မစားရမနေနိုင်ဖြစ်တတ်တဲ့သူတွေအတွက် မိမိအိမ်မှာ အလွယ်တကူလုပ်စားနိုင်မယ့် ချောကလက် Muffins ကိတ်မုန့်ငယ်ပြုလုပ်နည်းလေး ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး
  • ထောပတ်နို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် ၁၂၀ ဂရမ်
  • ကိုးကိုးမှုန့် ၆၅ ဂရမ်

  • သကြားညို စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါနှင့် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ချောကလက်လုံး ၁၇၅ ဂရမ်
  • ထောပတ် ၁ ခဲ (၁၁၃ ဂရမ်) အရည်ဖျော်ထားပြီးနောက် အအေးခံထားပါ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥ ၂ လုံး၊ ထောပတ်နို့နှင့် ဗနီလာတို့ကို သမအောင် မွှေခလောက်ထားပါ။

၂။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ ကိုးကိုးမှုန့်၊ သကြားညို၊ မုန့်ဖုတ်ပေါင်ဒါနှင့် မုန့်ဖုတ်ဆိုဒါ၊ ဆားတို့ကို အတုံးအခဲများ မရှိအောင် သေချာရောမွှေထားပါ။

၃။ ထိုဂျုံမှုန့် ပန်းကန်ထဲသို့ စောစောကရောမွှေထားသော ကြက်ဥအရောအနှော၊ ချောကလက်လုံးများနှင့် အရည်ဖျော်ထားသော ထောပတ်တို့ထည့်ကာ ဇွန်းအကြီးဖြင့် ရောသမမွှေလိုက်ပါ။ (အလှဆင်ဖို့ရန်အတွက် ချောကလက်အနည်းငယ် ချန်ထားပါ)

Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ကိတ်မုန့်ပုံစံခွက်ငယ်များကို ထောပတ်ဖြင့် သုတ်လိမ်းထားပါ။

၄။ ချောကလက်မုန့်နှစ်များကို ကိတ်မုန့်ပုံစံခွက်ငယ်ထဲ ညီညီညာညာ လောင်းထည့်လိုက်ပါ။ ထိုကဲ့သို့ လောင်းထည့်ရာမှာ ရေခဲမုန့် ကလော်သည့် ဇွန်းလုံးလုံးလေးကို အသုံးပြုပြီး ပုံစံခွက်ငယ်တစ်ခွက်ကို ဇွန်းတစ်ကော်စာထည့်ပါ။ ထိုဇွန်းမရှိပါက စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် ခပ်ထည့်ပေးလိုက်ပါ။

၅။ ထို့နောက် ချန်ထားခဲ့သော ချောကလက်လုံးများကို အပေါ်ကနေ အလှဆင်ထားလိုက်ပါ။

၆။ ထို့နောက် Oven ထဲတွင် ၁၅ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားပါက အရသာရှိတဲ့ ချောကလက် Muffins ကိတ်မုန့်ငယ်များ ရရှိသွားပါပြီ။

Source: Onceuponachef.com