ချောကလက်ကိတ်မုန့်ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ မိမိအိမ်မှာပဲ့ ကိုယ်တိုင်ကိုယ်ကျ ဖုတ်လို့ရတဲ့ ချောကလက်ကိတ်မုန့်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ချောကလက် ၁ အောင်စ
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်ဥ ၂ လုံး
  • ကိုကိုးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

  • Vanilla Extract လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ချောကလက်ကိတ်မုန့် ထည့်ရန်အတွက် မတ်ခွက် ၂ ခွက်ကို အဆင်သင့်ပြင်ထားပါ။

၂။ပန်းကန်လုံးတစ်လုံးတွင် ကြက်ဥ၊ သကြား၊ ကိုကိုးမှုန့်၊ ဆားနှင့် Vanilla Extract တို့ကို သမအောင် မွှေခလောက်ထားလိုက်ပါ။

၃။ အခြားပန်းကန်လုံးတွင် ထောပတ်နှင့် ချောကလက်တို့ထည့်ပြီး မိုက်ခရိုဝေ့ဖ်ထဲတွင် တစ်မိနစ်ခန့် အရည်ဖျော်ပေးလိုက်ပါ။

၄။ ရရှိလာတဲ့ ချောကလက်ဖျော်ရည်ထဲသို့ အဆင့် (၂) က ပြုလုပ်ထားသော ကြက်ဥ ကိုကိုးမှုန့်တို့လောင်းထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၅။ ထို့နောက် ဂျုံမှုန့်နှင့် မုန့်ဖုတ်ပေါင်ဒါတို့ထည့်ကာ သမအောင် ထပ်မွှေပေးရပါမယ်။

ရရှိလာတဲ့ချောကလက်အနှစ်များကို တစ်ဝက် ဝက်ပါ။ ပြီးရင် မတ်ခွက် ၂ ခွက် ထဲသို့ အညီအမျှ ခွဲထည့်လိုက်ပါ။


၆။ ထို့နောက် ထိုမတ်ခွက်များကို မိုက်ခရိုဝေ့ဖ်ထဲတွင် ၂ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

၂ မိနစ်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ချောကလက်ကိတ်မုန့်လေး ရရှိသွားပါပြီ။ ချောကလက်ပေါ်ကနေ Ice-Cream လေး ထပ်ထည့်ပြီးလည်း သုံးဆောင်နိုင်ပါသေးတယ်။

Source : Fifteenspatulas.com