Gym ဆော့ပြီးရင် ကြွက်သားတက်လာအောင် ချောကလက် ပရိုတင်း Shake လေး လုပ်သောက်ရအောင်။

ချောကလပ် ခါးခါး ကြိုက်တဲ့သူတွေအတွက် ဒီ ပရိုတင်း Shake လေးက အသုံးဝင်မှာပါ။

အနံ့လေးကလည်း စိတ်ကို ကြည်နူးစေပြီး ပရိုတင်းဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။

ပါဝင်ပစ္စည်းများ

ပန်းသီး တောက်တောက်စဉ်းထားသည့် ၁ လုံး

Almond Butter စားပွဲတင်ဇွန်း ၁ ဇွန်း

ခြစ်ထားသည့် Dark Chocolate စားပွဲတင်ဇွန်း ၁ ဇွန်း

Cocoa Powder စားပွဲတင်ဇွန်း ၁ ဇွန်း

နွားနို့ ၁ ခွက်

စွံပလွံသီး ၂ လုံး

ပြုလုပ်နည်း

ချောကလပ် ပရိုတင်း Shake

ပန်းသီး၊ စွံပလွံသီး၊ နွားနို့၊ ဒိန်ချဉ်၊ Cocoa Powder၊ Almond Butter တို့ကို ဖျော်စက်ထဲထည့်ပြီး မွှေလိုက်ပါ။

Smoothie ကို ဖန်ခွက်ထဲထည့်ပြီး ချောကလပ်အမည်းဖြင့် အလှဆင်လိုက်ပါ။