ချောကလက်ဖျော်ရည် အေးအေးလေးကိုမှ လျှာအရသာခံပြီး ဇိမ်လေးနဲ့ သောက်သုံးချင်သူများအတွက် မိမိအိမ်မှာပဲ အလွယ်တကူဖျော်သောက်နိုင်တဲ့ ချောကလက် Smoothie ဖျော်ရည် ပြုလုပ်နည်းလေး ဝေမျှပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- နွားနို့ ၅၀၀ မီလီလီတာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
- ငှက်ပျောသီး ၂ လုံး
- ထောပတ် စားပွဲတင်ဇွန်း ၈ ဇွန်း
- ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
- ရေခဲတုံး အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ငှက်ပျောသီးကို အနေတော် အတုံး လှီးပြီးတဲ့နောက်မှာ ရေခဲသေတ္တာထဲတွင် မိနစ်အနည်းငယ်ခန့် အအေးခံထားလိုက်ပါ။
၂။ ငှက်ပျောသီး အေးခဲသွားတဲ့အခါ ဖျော်စက်ထဲ ထည့်ပါ။ ထိုဖျော်စက်ထဲသို့ နွားနို့၊ ထောပတ်၊ ပျားရည်၊ ကိုးကိုးမှုန့်နှင့် ရေခဲတုံးများပါ တစ်ပါတည်း ပေါင်းထည့်လိုက်ပါ။
၃။ ထို့နောက် စက္ကန့် ၃၀ မှ ၁ မိနစ်ကြာသည်အထိ မွှေဖျော်ပေးလိုက်ပါ။ အတုံးအခဲများ ပျောက်သွားသည်အထိ မွှေဖျော်ပြီးတဲ့နောက်မှာ ဖန်ခွက်ထဲသို့ ပြောင်းထည့်လိုက်ပါ။
ချောကလက် Smoothie ဖျော်ရည် ဖန်ခွက် နှစ်ခွက်စာခန့် ရရှိသွားပါလိမ့်မယ်။
Source: Cravinghomecooked.com